
ဆံရစ်ဝိုင်းတို့ရွာ လို့ အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ကား မိတ်ဆက်ပွဲကို မနက်ဖြန် ( ဇွန် ၂၁ သောကြာနေ့) နေ့ခင်း ၂း၀၀ နာရီ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ပါမယ်။
ဒီကားကို မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းက ခံစပ်ကုန်းရွာမှာရိုက်ကူးတာပါ။
ဇာတ်ကားရဲ့ကြာမြင့်ချိန်က ၂၂ မိနစ်ပါ။ ဝေချစ်ကို(art director) နဲ့ မိုးကုတ်စိုးဌေး (camera man) တို့ရဲ့ လက်ရာ ဖြစ်ပါတယ်။
ပြည်တော်ဦးတေးထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဒီရုပ်ရှင်ကို ကျပ် ၂,ဝဝဝ နှုန်းနဲ့ ရောင်းချသွားမယ်လို့သိရပါတယ်။
မိတ်ဆက်ပွဲ တက်ရောက်ဖို့ စာနယ်ဇင်းသမားများကို ဖိတ်ကြားထားပါတယ်။
ဧရာဝတီ Facebook/ဧရာဝတီ Twitter