Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးရွှေမန်းရဲ့ ကိတ်မုန့်

$
0
0

သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ပွဲ လုပ်ပေးခဲ့သလား။

ဒီကနေ့ ကြံ့ခိုင်ရေးပါတီသတင်းစာ မျက်နှာဖုံးမှာ တခမ်းတနား ဖော်ပြထားပုံအရ ဆိုရင် လုပ်ပေးခဲ့တယ်လို့ ဆိုရပါမယ်။

ပုံကတော့ ရယ်မော ပျော်ရွှင်နေကြတဲ့ အထင်ကရ ခေါင်းဆောင်နှစ်ဦးတို့ရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။
၆၈ နှစ်ပြည့်မွေးနေ့ရှင်အတွက် အမှတ်တရအစီအစဉ်မှာ ဦးရွှေမန်းက ကိတ်မုန့်ဖြတ်နေတဲ့ပုံပါ။

"မွန်းလွဲ ၂ နာရီတွင် ရန်ကုန်လွှတ်တော်ရုံးခွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားကို အမှတ်တရ ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂုဏ်ပြုအားပေးစဉ်" လို့ ပုံအောက်မှာ ဖော်ပြထားပါတယ်။

ဖော်ပြထားသမျှ အချက်အလက်ကတော့ အဲဒါပါပဲ။ သူတို့နှစ်ယောက်နဲ့ ဆက်စပ်တဲ့ တခြား အချက်အလက် မပါပါဘူး။

NLD ဥက္ကဋ္ဌ နဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ပိုမိုနီးစပ်လာတယ်ဆိုတဲ့ သတင်းတွေကို ဒီဓာတ်ပုံက ထပ်ဆင့် အတည်ပြုလိုက်ခြင်းလို့ ပြောရပါမယ်။

အများ နားလည်ကြတာကတော့ နှစ်ယောက်စလုံးက ၂ဝ၁၅-၂ဝ၂ဝ ကာလ အတွက် သမ္မတဖြစ်လိုတယ်လို့ ကြိုတင် ကြော်ငြာထိုးထားကြတယ် ဆိုတာပါပဲ။

ရည်ရွယ်ချက်တူရင် ရန်ဘက်မဟုတ်လား။
အခု ပိုမိုနီးစပ်လာတယ် ဆိုတော့ လူသိနည်းသေးတဲ့ အကြောင်းရင်းတွေ သူတို့ဆီမှာ သေချာပေါက်ရှိနေတာကြောင့်ပေါ့။

ဒီအကြောင်းရင်းတွေက သိပ်မကြာခင် ပေါ်ထွက်လာတော့မယ်လို့ ယူဆရပါတယ်။

သူရဦးရွှေမန်းက သူ့ရဲ့ အမေရိကန်ခရီးစဉ်ကနေ ဇွန် ၁၈ ညပိုင်းမှာ ပြန်ရောက်လာပါတယ်။
နောက်တနေ့မှာ သူ့မိတ်ဆွေဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ပွဲ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles