Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရဲ ကို ရဲက ပြန်နှိမ်နင်းနေပြီ

$
0
0
 စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးခရိုင်ဘက်မှာ ဒီရက်ပိုင်းအတွင်း ရဲကို ရဲချင်း စီးနင်း နှိမ်နင်းမှုတွေ လုပ်နေပါ တယ်။

ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဖေ့စ်ဘုတ်

မကြာသေးမီက ကလေးမြို့နယ်ဘက်မှာ ရဲအရာရှိတဦး ပါဝင်ပတ်သက်တဲ့ မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ ကား ကို ဖမ်းဆီးမှု ဖြစ်ခဲ့တာက ဇာတ်လမ်း စခဲ့တာဖြစ်ပါတယ်။

ဒုတိယရဲချုပ် ဦးစီးတဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်
နေ့ က စပြီး ကလေးခရိုင်နဲ့ တမူးခရိုင်တွေမှာ စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့တာပါ။ 

ဒါဟာလည်း ကလေးနဲ့ တမူး ခရိုင်ရဲတပ်ဖွဲ့တွင်းက တာဝန်ရှိသူတချို့ဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ တရား မ၀င် ကုန်စည်း စီးဆင်းမှု တားဆီးရေး၊ လိုင်စင်မဲ့ ကားတွေကို အရေးယူရေး ကိစ္စတွေမှာ အထိက်က ညွှန်ကြားချက် အမိန့်တွေကို ထိထိရောက်ရောက် လိုက်နာတာ မရှိခဲ့လို့ အထူးနှိမ်နင်းရေးအဖွဲ့က ဆောင် ရွက်ခဲ့ တာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ရဲဇာနည်က ဆိုပါတယ်။ 

 "လတ်တလောအခြေအနေ၌ ကလေးခရိုင်နှင့်တမူးခရိုင်တို့မှ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအ၀င် တာဝန်ရှိသူများအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေး လျှက်ရှိသည်ဆို၏" လို့ ရဲဇာနည်မှာ ဆိုထားပါတယ်။ 

ဒါပေမယ့် အပြင်မှာ သတင်းထွက်နေသလို ဖမ်းဆီးထိန်းသိမ်းတာ တဦးတလေမှ မရှိကြောင်း နဲ့  လေယာဉ်ဖြင့် ခေါ်ယူသွားခြင်းလည်း လုံးဝမရှိကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ 

အခုလို အရေးယူဆောင်ရွက်နေတာ ပြည်သူ့ဆန္ဒနဲ့ အညီလုပ်ဆောင်နေတာဖြစ်ပြီး သမ္မတရဲ့ လမ်းညွှန် မှာကြားချက်တွေနဲ့ အညီ စွမ်းရည်ထက်မြက်တဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ဥပဒေနဲ့အညီလုပ်နေတာသာဖြစ် တယ်လို့ ဆိုပါတယ်။ 

"ရဲတပ်ဖွဲ့တွင် ငွေကြေး စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့အား ဖွဲ့စည်းထားရှိပြီးဖြစ်ရာ တရား မ၀င်
သောနည်းလမ်းဖြင့် ငွေကြေးရရှိစုဆောင်းထားသူများအား တရားမ၀င်သောနည်းလမ်းဖြင့် ရရှိသည့် 
ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူနိုင်သည်" ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားပါတယ်။ 

အခုလို ရဲ ကို ရဲနဲ့ နှိမ်နင်းမှုဟာ အခု နောက်ပိုင်း ပထမဆုံးလည်းဖြစ်ပြီး မသမာတဲ့ နည်းလမ်းတွေနဲ့ 
ငွေကြေး ရှာဖွေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက်တော့ ရင် တမမ ဖြစ်နေရပြီလို့ ပြောလို့ ရမလားပါပဲ။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles