Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရှစ်လေးလုံး ငွေရတုပွဲ ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပရန် ကြိုးစား

$
0
0
ရှစ်လေးလုံး ငွေရတုအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပနိုင်ရန်ကြိုးစား လျက်ရှိကြောင်း အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားသည်။ 


၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အစပိုင်းကာလတွင် ကျောင်းသားလှုပ်ရှားများသည် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 

အခမ်းအနားကို ငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးမူပေါ်တွင် အခြေခံ၍ ကျင်းပသွားမည်ဟု သိရသည်။ သြဂုတ်လတွင် ကျင်းပမည့် အခမ်းအနားတွင် နိုင်ငံရေးစာတမ်း ၆ ခု ဖတ်ကြားသွား မည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးလုပ်ငန်းကော်မတီမှ ဦးတိုးကျော်လှိုင်က ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေး ဆရာတော်သံဃာတော်များအား ပင့်လျှောက်ပွဲ ၌ ပြောကြားသည်။ 

စာတမ်း ၆ ခု 

- အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် 
- လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှု 
- အနာဂတ်ပြည်ထောင်စု 
- စစ်မှန်သောအမျိုးသားပြန်လည်သင့်မြတ်ရေး 
- နိုင်ငံတော်တည်ဆောက်ရေးနှင့် ရှစ်လေးလုံး ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ 
- တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး 

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင် ခဲ့ကြသော ပြည်တွင်းပြည်ပ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ယနေ့ထက်တိုင် အသွင်သဏ္ဍာန်မျိုးစုံဖြင့် တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများအားလုံး ပြန်လည်စုစည်းကြရန် ရည်ရွယ်သည်ဟု သိရသည်။ 

ငွေရတုအခမ်းအနား ကျင်းပရေးနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ၁၈ ဦးနှင့် ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်း တာဝန်ပေးထားသည်။ 


ထက်နိုင်ဇော် ~

Viewing all articles
Browse latest Browse all 5236

Trending Articles