Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တော်ဝင် အရေး အလုပ်သမားတွေ ပူးပေါင်းပြီ

$
0
0


အင်းစိန်ထောင်မှာ ဖမ်းဆီချုပ်နှောင်ခံထားတဲ့ တော်ဝင်အလုပ်သမား ၁၄ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ လှိုင်သာယာ ၊ ရွှေပြည်သာနဲ့ ဒဂုံဆိပ်ကမ်းမှာရှိတဲ့ အလုပ်သမား ၅၀၀ကျော်က မနေ့က ဆူးလေ ၊ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ ဆန္ဒပြကြပါတယ်။


 ဓာတ်ပုံ- အဲမလီ

ဖမ်းဆီးထားတဲ့ တော်ဝင်အလုပ်သမားများ အမြန်ဆုံးလွှတ်ပေးရေး ဒို့အရေး ၊
ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး ဒို့အရေး ၊
အလုပ်သမားများကို တရားစွဲဆိုမှုများ ပပျောက်ရေး ဒို့အရေး၊
ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များ အမြန်ဆုံးအကောင်အထည်ဖော်ရေး ဒို့အရေး၊
အလုပ်သမားများအပေါ် ဖိနှိပ်မှုများ ရုပ်သိမ်းပေးရေး ဒို့အရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဗန္ဓုလပန်းခြံကို တပါတ်ပတ်ပြီး တောင်းဆိုခဲ့ကြပါတယ်။

မနေ့က ဆန္ဒပြတဲ့သူတွေထဲမှာ ဖမ်းဆီခံနေရတဲ့ အလုပ်သမားတွေရဲ့ မိဘတွေလဲပါဝင်ပါတယ်။ မိုးရေထဲမှာ အလုပ်သမားတွေနဲ့အတူ လက်သီးဆုပ်ပြီး အော်ဟစ်ကြွေးကြော်နေတဲ့ မိခင်တွေရဲ့ ပါးပြင်မှာ မျက်ရည် စက် တွေနဲ့ မိုးရည်တွေ မသဲကွဲပေမယ့် သူတို့ငိုနေမှန်း သူတိုင်းသိနေကြပါတယ်။

ဖမ်းဆီးခံရတဲ့ ၁၄ဦးက တော်ဝင်အလုပ်သမား သမဂ္ဂ ဥက္ကဌ ဇင်မျိုးကိုကို (ခေါ်) မှန်လေး ၊ နေလင်းဦး ၊ ဖြိုးမောင်မောင်နဲ့ စိုးမောင်မောင် (အမွှာညီအစ်ကို) ၊အောင်နိုင်သူ ၊ သီဟကိုကို ၊ မောင်မောင်သက် ၊ လဲ့လဲ့ဝင်း ၊ အိဇာဖြူ ၊ ဒေါ်ဝင်းဝင်းတင် ၊ မေသူနှင်း ၊ နော်ဖောဆင်းဖဲဝါတို့ဖြစ်ပါတယ်။

သူတို့ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၅၂ နဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်က ဆန္ဒပြတော်ဝင်အလုပ်သမားတွေ စက်ရုံမှာ အလုပ်ပြန်ဆင်းပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

တကယ်တော့ အလုပ်သမားတွေကို သူတို့အလုပ်လုပ်တဲ့ လုပ်ငန်းခွင့်ထဲကို ပေးမ၀င်ဘဲ စက်ရုံရဲ့ ပရဝဏ်အတွင်း မှာသာ လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ အဖမ်းမခံရမှီ ကိုနေလင်းဦးက  ဧရာဝတီ ကို ပြောပြခဲ့ပါတယ်။


စက်ရုံထဲကို ပြန်ဝင်လို့ရအောင် စက်ရုံ ဒါရိုက်တာ ဦးညွန့်သိန်းနဲ့ တွေ့ခွင့်တောင်းရာမှာ ခွင့်မပြုတာကြောင့် စက်ရုံအတွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။ 

အဲဒီနောက်မှာတော့ အပြန်အလှန် တရားစွဲဆိုမှုတွေ ရှိခဲ့ပါတယ်။ မနေ့က ဆန္ဒပြအလုပ်သမားထုကြီးက ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၁၄ ဦးကိုရည်စူးပြီး ဌက် ၁၄ကောင်ကို လွှတ်ပေးခဲ့ပါတယ်။ 









အဲမလီ ~

Viewing all articles
Browse latest Browse all 5236

Trending Articles