Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးသိန်းစိန် နဲ့ နေပြည်တော်က ကြီးသုံးကြီး

$
0
0
 ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်လာတဲ့ ပရိသတ်များကို သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ညစာစားပွဲ ဖိတ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးအများအပြားကိုလည်း တက်ရောက်ဖို့ ဖိတ်ပါတယ်။


နိုင်ငံတကာ ထိပ်သီး ဧည့်သည်များကို မဏိရတနာ ကျောက်စိမ်းခန်းမ ညစားစားပွဲမှာ ကြိုဆိုနေတဲ့  သမ္မတနဲ့ ဇနီး (ဓာတ်ပုံ - သမ္မတရုံးအွန်လိုင်း)


သို့သော်လည်း ဖိတ်ကြားခံရတဲ့ထဲမှာ လွှတ်တော်ဥက္ကဋ္ဌများဖြစ်တဲ့ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့ မပါဝင်သလိုဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခြင်း မရှိကြောင်း သိရပါတယ်။

ကြီးသုံးကြီးကို ဒီပွဲမှာ ဖယ်ထားလိုက်ခြင်းရဲ့သဘောက ဘာဖြစ်မလဲ ဆိုတာကို နေပြည်တော်ရဲ့ အစိတ်အပိုင်းတချို့က သို့လောသို့လော ဖြစ်နေပါတယ်။

ဒါဟာ အလွတ်သဘော အလုပ်သဘော တွေ့ဆုံမှု အများအပြား ရှိနေတဲ့ သူရဦးရွှေမန်း၊  ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးက ၂၀၁၅ သမ္မတဖြစ်ရေး ဆိုတဲ့ စကားလုံးတွေ ရည်မှန်းချက်တွေကို အသီးသီး ထုတ်ဖော်ထားချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။

ဦးခင်အောင်မြင့်ဆီကတော့ ၂၀၁၅ သမ္မတဖြစ်ရေး ဆိုတဲ့အသံ အခုချိန်အထိ ထွက်မလာသေးပါ။

အသံထွက်ပုံတွေ မတူညီကြ(သေး)ပေးမယ့် တူညီတဲ့အချက်ကတော့ ရှိနေပါတယ် တဲ့။

အဲဒါကတော့ ဒီ ကြီးသုံးကြီးက သမ္မတဦးသိန်းစိန်နဲ့ သိပ်ပြီးတော့ အစေးမကပ်လှတော့ဘူး ဆိုတာပါပဲ။

နေပြည်တော်ရပ်ဝန်းက ထိပ်တန်းပုဂ္ဂိုလ်တို့ရဲ့ ဆက်ဆံရေးအခင်းအကျင်းက တဖြည်းဖြည်း စိတ်ဝင်စားဖို့ ကောင်းလာပြီလို့ ဆိုရပါမယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles