Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်သားတို့ KFC မြည်းနိုင်ဖို့ အမေရိကန်သံရုံး ကူညီ

$
0
0
  KFC ဆိုင် မြန်မာပြည်မှာ မဖွင့်သေးပေမယ့် ရန်ကုန်မှာ နေထိုင်သူတချို့ကတော့ KFC အကြော်တွေကို မြည်းခဲ့ကြပြီးပါပြီ ဆိုတာကို  ရန်ကုန်မြို့အမေရိကန်သံရုံးFacebook မှာ ဒီကနေ့ တွေ့ရမှာပါ။
 

 Yum! ဆိုတဲ့ အမေရိကန် လုပ်ငန်းကြီးက အမြည်းကျွေးခဲ့တာပါ။ ဒီလုပ်ငန်းကြီးဟာ  KFC, Pizza Hut နဲ့ Taco Bell ဆိုတဲ့ ဆိုင်ကြီးတွေကို စုစည်းထားတာပါ။


 KFC
ဆိုင်ဖွင့်ဖို့ နေရာ ရှာနေတယ်၊ ဖွင့်ဖြစ်ရင်တော့ အလုပ်အကိုင်သစ်တွေ၊ နိုင်ငံတကာအဆင့်မီ စားသောက်ဆိုင်လုပ်ငန်း သဘောသဘာဝတွေနဲ့လာဖို့ မျှော်လင့်ကြောင်း
Yum! လူကြီးမင်းတို့က KFC မြည်းစမ်းတဲ့ အခမ်းအနားမှာ ရှင်းပြပါတယ် တဲ့။
 
KFC ရဲ့ အမြတ်ငွေ ၇ဝ%ထက်မနည်း ဘယ်ကလာသလဲ ဆိုတော့ အမေရိကန်ပြည်ထောင်စု အပြင်ဘက်ကနေ လာတယ်လို့ ဆိုတယ်။
(ဆရာဝန်တို့က မည်သို့ပင် ဟန့်တားစေကာမူ ဆီစိမ်ပြီးကြော်တာကို နိုင်ငံတကာမှာ နှစ်သက်ကြတယ်ဆိုတဲ့ သဘောပေါ့။)

အမေရိကန်သံရုံး Facebook မှာ ဒီပုံတွေ၊ အချက်အလက်တွေ တင်လိုက်တော့ မှတ်ချက် ၂ ခု အခုလေးတင် တက်လာပါတယ်။

ရန်ကုန်အမေရိကန်သံရုံးက KFC နာမည်ကြီးအောင် လုပ်နေတာလား၊ ဒီအစားအစာဆိုင်က ကမ္ဘာ့ ကျန်းမာရေးနဲ့မညီညွတ်ဆုံးထဲမှာ ပါတယ် လို့ မှတ်ချက်တခုက ဆိုတယ်။

 နောက်တခုကလည်း အငေါ်တူးထားတာပါပဲ - KFC ကို ကြော်ငြာပေးတာ သံရုံးအလုပ်လားတဲ့။

သံရုံးအလုပ် မဟုတ်ဘူးလို့လည်း ဆိုနိုင်သလို ဟုတ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။
KFC ဆိုတာ အမေရိကန်တို့ ကမ္ဘာအရပ်ရပ်မှာ ဖွင့်ထားတဲ့ဆိုင်မဟုတ်လား။

အမေရိကန် ယဉ်ကျေးမှု၊ အမေရိကန် စီးပွားရေးအတွက် ဆိုတော့ သံရုံးက ကြော်ငြာပေးရတော့မှာပေါ့။

နောက်ဆုံးတော့ ... KFC လည်း တခါတရံစားပါ၊ ကျန်းမာရေးကောင်းဖို့ လုပ်သင့်တာတွေလည်း လုပ်ပါလို့ ဆိုရမယ် ထင်ပါတယ်။

သိပ်မကြာသေးခင်ကပဲ
KFC ကို မူပိုင်လုပ်ချင်တဲ့ မြန်မာလုပ်ငန်းရှင် ပေါ်လာပါသေးတယ်။ ဒီအကြောင်း ဧရာဝတီဘလော့မှာ KFC တရားစွဲခံရတော့မည်လော ဆိုပြီး ဖော်ပြခဲ့တာပါ။ ပြန်ဖတ်မယ်ဆိုရင် http://blog.irrawaddy.org/2013/03/kfc_12.htmlမှာ ရှိပါတယ်။

ရန်ကုန်မြို့ န၀ဒေးလမ်းမှာ
KFCဆိုင် ဖွင့်တော့မလိုလိုဖြစ်ခဲ့တဲ့ မြေညီထပ်အခန်းကြီးက အခုထိတော့ ဘာမှ ထူးခြားမလာသေးပါဘူး။
KFCရုပ်ပုံတွေကို ပြန်ဖြုတ်ထားတယ်ဆိုတော့ အဲဒီနေရာမှာ KFCနာမည်နဲ့ မဖွင့်ဖြစ်တော့ဘူး ထင်ပါတယ်။ သို့သော်လည်း KFG, KBG စသဖြင့် ဆင်တူယိုးမှားလုပ်ပြီး ကြက်ကြော်ရောင်းလာနိုင်ပါတယ်။

အမေရိကန်ပုံရိပ်တွေကတော့ မြန်မာပြည်မှာ တခုပြီးတခု ရောက်လာပါပြီ။
Pepsi, Coke တို့ကို ရေခဲစိမ်ပြီး သောက်နေကြပြီ။
အရင်တပတ်က
Ford ကား ဆိုပြီး မိတ်ဆက်ပွဲမှာ အမေရိကန်သံအမတ် ကိုယ်တိုင် တက်ပါတယ်။မြန်မာပရိသတ်က အမေရိကန် Ford ကားကို ၀ယ်စီးဖို့ တုံ့ဆိုင်းကြဖွယ် ရှိပေမယ့် KFC ဆိုင် ဖွင့်လာရင်တော့ ကြက်ကြော်ကို ဈေးကြီးကြီးပေးပြီး သွားစားဖို့ အသင့်ဖြစ်နေတဲ့သူ အများအပြား ရှိနေပါတယ်။
.


Viewing all articles
Browse latest Browse all 5236

Trending Articles