Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကော်ဖီ ကော်နာနဲ့ ဦးခင်ညွန့် ( ရုပ်/ သံ)

$
0
0
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ ၂၀၁၃ ခုနှစ် မေလ ၁၁ ရက်နေ့မှာတော့ န၀ဒေး ပန်းချီပြခန်း၊ န၀ဒေး ကော်ဖီကော်နာနဲ့ န၀ဒေး အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေကို သူ့ခြံတွင်းမှာ ဖွင့်လှစ် လိုက်ပါပြီ။ 



ဦးခင်ညွန့်ဟာ နအဖ စစ်အစိုးရလက်ထက်က တပ်မတော် ခေါင်းဆောင်ကြီးများ နေထိုင်ခဲ့ရာ န၀ဒေးလမ်း ခြံအမှတ် ၂၇ မှာ ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာတွေ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။ 

တချိန်က ဘုန်းမီးတောက်ခဲ့တဲ့ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တဦးအနေနဲ့ အခုလို ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာ ဖွင့်ဖို့ ဘယ်လို စိတ်ကူးရခဲ့သလဲ၊ ထောက်လှမ်းရေး ခေါင်းဆောင်ဘဝက အခြေအနေနဲ့ အခုအခြေအနေ ဘာကွာခြားလဲ၊ နိုင်ငံရေး လောကထဲကော ဝင်လာဖို့ အစီအစဉ်ရှိသလား ဆိုတာကို ဧရာဝတီ သတင်းထောက် လ၀ီဝမ်နဲ့ နန်းသီရိလွင်တို့က တွေ့ဆုံ မေးမြန်းထားပါတယ်။


ဧရာဝတီ မြန်မာပိုင်းစာမျက်နှာပေါ်တွင် လူအိုတွေ နိုင်ငံရေး မလုပ်သင့်ကြောင်း ပြောတဲ့ ဦးခင်ညွန့်နဲ့ ... ဆိုတာကို  ဤနေရာမှ တဆင့်လည်း သွားရောက်ဖတ် နိုင်ပါပြီ။



Viewing all articles
Browse latest Browse all 5236

Trending Articles