Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

Facebook Home အောင်မြင်နိုင်မလား

$
0
0
Facebook Home  လို့ ခေါ်တဲ့ Android ဖုန်းတွေမှာသုံးလို့ ရတဲ့ application ကို မိတ်ဆက်ခဲ့တဲ့ ၂ ပတ် အတွင်းမှာ အသုံးပြုသူပေါင်း ၅ သိန်းကျော်သွားပြီ လို့ 
သိရပါတယ်။

အသုံးပြုသူချင်တဲ့သူတွေဟာ Google Play Store ကနေ ယခုလ ၄ ရက်နေ့ ကတည်းက စတင်အသုံးပြုခဲ့ကြတာပါ။
သုံးပြီးတဲ့အခါမှာတော့  ဝေဖန်ချက်တွေထွက်ပေါ်လာခဲ့ပါပြီ။

လောလောဆယ်မှာတော့ အစမ်း အသုံးပြုသူများက  Facebook Home  ရဲ့ စွမ်းဆောင်ရည်ကို အမှတ်ပေးကြရာ  ကြယ်ငါးပွင့် ရှိရာမှာ ၂.၂ သာ  ရှိတော့တာကို တွေ့ ရပါတယ်။

အခမဲ့ ကူးယူအသုံးပြုလို့ ရတဲ့ ဒီ Facebook Home  app ဟာ ဖုန်းရဲ့ မျက်မှာပြင်ပေါ်မှာ Facebook ရဲ့ နောက်ဆုံးသတင်းတွေ နဲ့ အတူ စကားပြောလို့ ရတဲ့
Chat feature ပါဝင်တာကို တွေ့ ရပါတယ်။

အိုင်တီအကြောင်း  ~ blog.irrawaddy.org/search/label/အိုင်တီ

Facebook တည်ထောင်သူ မက် ဇက်ကာဘက် ကတော့ ဒီ Facebook Home  app ဟာ မိုဘိုင်းဖုန်းကနေ Facebook သုံးရတာနှစ်သက်တဲ့သူများအတွက် အဆင်ပြေစေလိမ့်မယ်လို့  ဆိုပါတယ်။

ဒါပေမယ့် Facebook Home  အသုံးပြုသူ တသောင်းကျော်လောက်ဟာ သူတို့ ရဲ့ အဆင်မပြေမှုတွေကို Google Play မှာ ရင်ဖွင့်သွားကြပါပြီ။
အထူးသဖြင့် ....   နောက်ကွယ်ကနေ အလုပ်လုပ်တဲ့နှုန်း များတာကြောင့် ဘက်ထရီ စားတာ အလွန်မြန်ပြီး  အဆင်မပြေတဲ့အကြောင်း၊ 
ဖုန်းထဲ ထည့်လိုက်ရင် အခြားသွင်းထားတဲ့ applications တွေ အလုပ်လုပ်နိုင်ခြင်း မရှိတော့တဲ့ ပြဿနာတွေ နဲ့ ရင်ဆိုင်ရကြောင်း စသဖြင့် ရေးသားထားပါတယ်။

အသုံးပြုသူ အတော်များများကတော့ ကြယ် ၁ ပွင့်သာ ပေးကြတာပါ။  အဆင်မပြေမှုတွေနဲ့ တွေ့ ကြုံရတာကြောင့် ပြန်ပြီးဖျက်ကြတယ်လို့ လည်း သိရပါတယ်။
အသုံးပြုသူ ၁,၈၀၀ လောက်ကတော့ ကြယ် ၅ ပွင့် အပြည့်ပေးသွားတဲ့အတွက် ကျေနပ်ကြပုံ ပေါ်ပါတယ်။

နိဂုံးချုပ်ရင် ....
မိုဘိုင်းလောကမှာ အမြတ်အစွန်းတွေရရှိနေတဲ့ apps ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ Facebook က ကြိုးစားနေပါပြီ။
အားနည်းချက်တွေကို ပြင်ဆင်ရင်းနဲ့  အသုံးပြုသူတွေအတွက် အဆင်ပြေစေမယ့် Facebook Home  ကို အဆင့်မြှင့်နိုင်ပါလိမ့်မယ်။
 ယခုလတ်တလောမှာတော့ Facebook Home  ဟာ Facebook ကို အချိန်နဲ့ အပြတ်ဆက်တိုက်သုံးစွဲနေသူအတွက်ပဲ စွဲမက်ဖွယ် ဖြစ်နေပါတယ်။

အသုံးပြုချင်တယ်ဆိုရင်တော့ ဒီမှာ
https://play.google.com/store/apps/details?id=com.facebook.home  အခမဲ့ကူးယူ အသုံးပြုနိုင်ပါတယ်။


ဆောင်းဦးလင်း ~

ကိုးကား http://www.bbc.co.uk/news/technology-22248843

  ဧရာဝတီ Facebook/ဧရာဝတီ Twitter
 




Viewing all articles
Browse latest Browse all 5236

Trending Articles