Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နိုင်ငံရေးအကျဉ်းသား ၅၉ ဦး လွတ်မြောက်

$
0
0
ယနေ့ နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၅၉ ဦးကို ပြန်လည်လွှတ်ပေး လိုက်
ကြောင်း ယနေ့ ညနေပိုင်းရရှိထားသော စာရင်းဇယားများအရ သိရှိရကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကိုဘိုကြည်က ပြောဆိုလိုက်သည်။ 



လတ်တလော ညနေ ၆ နာရီ ၄၅ မိနစ်အချိန်အထိ ရရှိထားသော စာရင်းများ အရ လွတ်မြောက် လာ
သော နိုင်ငံရေး အကျဉ်းသားများမှာ အင်းစိန်အကျဉ်းထောင်မှ ၆ ဦး၊ သရက်ထောင်မှ ၂ ဦး၊ ပခုက္ကူ
ထောင်မှ ၁ ဦး၊ မြင်းခြံထောင်မှ ၆ ဦး၊ သာယာဝတီထောင်မှ ၄၂ ဦး၊ မန္တလေးထောင်မှ ၂ ဦး စုစုပေါင်း ၅၉ ဦးဖြစ်သည်။ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ဆက်လက်ကျန် ရှိနေဆဲဖြစ်သည် ဟု ကိုဘိုကြည်၏ အဆိုအရ သိရှိရသည်။ 

သမ္မတရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ သမ္မတရဲ့ အမိန့်နဲ့ အကျဉ်းသား လွှတ်ပေးမှု ကို အခုလို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားအသိပေးထားပါတယ်။

"နိုင်ငံတော်သမ္မတကြီးက ဧပြီလ ၂၃ ရက်နေ့မှာ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲ့ အကျဉ်းသား အရေအတွက်က နိုင်ငံသား/သူ ၉၀ ဦး၊ နိုင်ငံခြားသား/သူ ၃ ဦး ဖြစ်ပါတယ်။

ည ၈ နာရီသတင်းမှာ ထပ်မံကြေညာပေးပါ့မယ်။" လို့ ဦးရဲထွဋ်က ဆိုပါတယ်။

Viewing all articles
Browse latest Browse all 5236

Trending Articles