Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ခါကာဘိုရာဇီရောက်နေသူတို့ကို အမေရိကန်နဲ့နီပေါအဖွဲ့ ကူညီရှာဖွေမယ်

$
0
0


 ~




ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ပေါ်ကအဆင်းအဆက်အသွယ် ပြတ်နေတဲ့   တောင်တက်သမား ၂ ဦးကို ရှာဖွေကယ်ဆယ်ဖို့အတွက် ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူများက ကြိုးပမ်းနေပါတယ်။

နောက်ဆုံး အကူအညီပေးဖို့ ရောက်လာတာကတော့ အမေရိကန်၊ နီပေါက  ကယ်ဆယ်ရေးအဖွဲ့တွေပါပဲ။ သူတို့တွေ ရန်ကုန်ရောက်ပြီ၊ သောကြာနေ့ နေ့ခင်းပိုင်း ပူတာအိုကို လေကြောင်းခရီးနဲ့ သွားကြမယ်လို့ ဆိုပါတယ်။
ဒီအကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်း သတင်း
Search for Missing Hkakabo Razi Climbers Gets International Boost မှာလည်း ဖော်ပြထားပါတယ်။

http://www.irrawaddy.org/burma/search-missing-hkakabo-razi-climbers-gets-international-boost.htmlဆိုတဲ့ လင့်မှာ ဖတ်နိုင်ပါတယ်။

ဟိုတလောက မြန်မာပြည်လာခဲ့တဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင် အများစုလည်း  ပြန်သွားပါပြီ။
သူတို့ဆီက တိဘက်ဒေသဘက်ကနေ ခါကာဘိုရာဇီဘက် ၀င်ရောက်ပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်မယ်လို့ ဆိုပါတယ်။
အပေါ်ပုံကတော့ ဂူဂဲလ်ကောင်းကင်ဓာတ်ပုံမှာ တွေ့ရတဲ့ မြန်မာပြည်မြောက်ပိုင်း တောင်ထူထပ်တဲ့ဒေသမြင်ကွင်း ဖြစ်ပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအကြောင်း ဖော်ပြထားတဲ့ ထူးဖောင်ဒေးရှင်းရဲ့ သောကြာနေ့မနက် ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

“ပျောက်ဆုံးတောင်တက်သမား(၂)ဦးကို ကူညီရှာဖွေရန် အမေရိကန်နှင့် နီပေါနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ ထပ်မံရောက်ရှိ”



ထူးဖောင်ဒေးရှင်း၏ ဆက်သွယ်ခေါ်ယူမှုဖြင့် ပျောက်ဆုံး တောင်တက်သမား (၂)ဦးကို ရှာဖွေကယ်ဆယ်ရန်အတွက် မြန်မာ့ရေမြေသဘာဝကို သိရှိပြီး ဂမ်လမ်ရာဇီတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်ဖူးသည့် အမေရိကန်နိုင်ငံမှ ကယ်ဆယ်ရေးတောင်တက်အဖွဲ့ ခေါင်းဆောင် အန်ဒီတိုင်ဆန်သည် အဖွဲ့ဝင်တစ်ဦးနှင့်အတူ ယနေ့ စက်တင်ဘာလ (၁၉)ရက် နံနက် (၉း၀၀)နာရီ အချိန်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။

ထို့ပြင် အချိန်နှင့်အမျှ အရေးကြီးလာသည့် အခြေအနေများကြောင့် ကယ်ဆယ်ရေး လုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်နေသည့် ထူးဖောင်ဒေးရှင်းသည် နီပေါနိုင်ငံမှ ကျွမ်းကျင်သည့် တောင်တက် ကယ်ဆယ်ရေး အဖွဲ့များကိုလည်း ဆက်သွယ်ခဲ့ပါသည်။

ထို့ကြောင့် ယနေ့ နံနက် (၁၁း၀၀)နာရီ အချိန်က နီပေါနိုင်ငံမှ တောင်တက်ကယ်ဆယ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်သည့် ရဟတ်ယာဉ်မောင်း(၂)ဦးနှင့် ဧ၀ရတ်တောင်ထိပ် တက်ရောက်သူများကို လမ်းပြပေးခဲ့သည့် ကျွမ်းကျင်တောင်တက်သမား (၂)ဦးလည်း ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။

ယနေ့ ရောက်ရှိလာသော အမေရိကန်နှင့် နီပေါ မှ ကယ်ဆယ်ရှာဖွေရေး အဖွဲ့ (၂)ဖွဲ့သည် ယနေ့ မွန်းလွဲ (၁း၃၀) နာရီတွင် ရန်ကုန်မှ ပူတာအိုသို့ ထူးဖောင်ဒေးရှင်းမှ စီစဉ်ပေးသည့် လေယာဉ်ဖြင့် ချက်ချင်း ထွက်ခွာပါမည်။

ထိုမှတဆင့် ခါကာဘိုရာဇီတောင်နှင့် အနီးဆုံးရွာဖြစ်သော တဟွန်းဒမ်းကျေးရွာသို့ ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာပြီး ရှာဖွေရေးလုပ်ငန်းများကို အနီးကပ် ကွပ်ကဲနေသော ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ခေါင်းဆောင်သော အဖွဲ့များနှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Search for Missing Hkakabo Razi Climbers Gets International Boost
http://www.irrawaddy.org/burma/search-missing-hkakabo-razi-climbers-gets-international-boost.html

တောင်တက်သမား၂ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကူညီရှာဖွေမယ် 
http://blog.irrawaddy.org/2014/09/blog-post_91.html
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles