Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းဝန်ကြီးချုပ်နဲ့ ဘီကီနီမှတ်ချက်

$
0
0
.


ကိုယ့်ကိုယ်ကို လှတယ်လို့ ယူဆတဲ့သူတွေ ထိုင်းနိုင်ငံကို အလည်အပတ်သွားမယ်ဆိုရင် တော့ ကမ်းခြေ

တွေမှာ ဖြစ်ဖြစ် အပန်းဖြေစရာနေရာတွေမှာပဲ ဖြစ်ဖြစ် ဘီကီနီ မဝတ်သင့်ပါဘူး။ 





  • google search မှာ တွေ့ရတဲ့ ဘီကီနီဝတ်ပုံများ

အကြောင်းကတော့ ... 


ထိုင်းနိုင်ငံကို လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဘီကီနီ ဝတ်ကြမယ်ဆိုရင် ရုပ်ဆိုးသူတွေအတွက်တော့ လုံခြုံမယ်ဆိုတဲ့ သဘော၊ ဘီကီနီဝတ်ပြီး လှလှပပ ဆိုရင် အန္တရာယ်ရှိမယ်ဆိုတဲ့ သဘောကို ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက သတိပေးခဲ့လို့ပါဘဲ။

 ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာက ထိုင်းနိုင်ငံမှာ ဘီကီနီဝတ်ဆင်မှုဟာ အန္တရာယ် ရှိနိုင်တဲ့အကြောင်း သတိပေး လိုက်ပြီး ရုပ်ဆိုးသူတွေဆိုရင်တော့ မပြောတတ်ဘူးလို့ မှတ်ချက်ပေးခဲ့တာပါ။ 

ဒါဆိုရင် ထိုင်းနိုင်ငံကို လာလည်ပတ်တဲ့အခါ လှပသူတွေဆိုရင် ဘီကီနီ မဝတ်သင့်ဘူးလို့ သဘောရသလို ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်လို့ ယူဆရင်တော့ ဘီကီနီ ဝတ်လို့ ရမယ့်သဘောပါဘဲ။ 

ဒီစကားဟာ မကြာသေးမီက Koh Tao လိပ်ကျွန်းမှာ အသတ်ခံလိုက်ရတဲ့ ဗြိတိန်နိုင်ငံသူနဲ့ ဗြိတိန်နိုင်ငံသား ၂ ဦး နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ပရာယုက မှတ်ချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ 


 “ကမ္ဘာလှည့်ခရီးသွားတွေက ကျွန်နော်တို့ ထိုင်းနိုင်ငံဟာ လှပပြီး လုံခြုံစိတ်ချရတဲ့ နိုင်ငံလို့ လက်ခံယုံကြည် ပြီး လုပ်ချင်တာ အကုန်လုပ်လို့ ရတယ် ထင်နေကြတယ်။ ဘီကီနီ ဝတ်ပြီး လျှောက်သွားလို့ ရနိုင်တယ် ထင်နေကြတယ်” လို့ ဗိုလ်ချုပ်ကြီး ပရာယုက ပြောပါတယ်။ 

ဒီလို မှတ်ချက်ပေးလိုက်လို့ ဗြိတိန်သံရုံးကလည်း သေဆုံးသွားတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ ဂုဏ်သိက္ခာကို ထိပါး ပြောဆိုတဲ့ ရည်ရွယ်ချက်လားဆိုပြီး ထိုင်း အစိုးရကို ဆက်သွယ်မေးမြန်းခဲ့တယ်လို့ ဘီဘီစီ သတင်းတပုဒ်မှာတွေ့ ရပါတယ်။ 

 ဒီကိစ္စကြောင့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာလည်း သူ့စကားကြောင့် စိတ်အနှောက် အယှက် ဖြစ်သွားခဲ့မယ်ဆိုရင် တောင်းပန်တယ်လို့ မနေ့ညနေက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြော သွားခဲ့ရပါတော့တယ်။ 


အိမ့်သံစဉ် ~ 



.







Viewing all articles
Browse latest Browse all 5236

Trending Articles