Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လွတ်လပ်ရေး မယူတော့ဘူး ဆုံးဖြတ်မဲပေးလိုက်တဲ့ စကော့တလန်

$
0
0
စကော့တလန်နိုင်ငံကို ဗြိတိန်နိုင်ငံကနေ ခွဲထွက်မလား၊ တွဲနေမလားဆိုတဲ့ လူထုဆန္ဒခံယူပွဲ မဲပေးမှုတွေ ပြီးဆုံးလို့ မဲဆန္ဒနယ် ၃၂ နယ်မှာ ၃၁ ခုထိ မဲရေတွက်မှုအပြီး အဆုံးသတ်ရလာဒ်ကတော့ တွဲရေးဆန္ဒမဲက ၅၅ ရာခိုင်နှုန်းကျော် ရှိလို့ တွဲရေး အနိုင် ရသွားပါပြီ။ 

 စကော့တလန် ခွဲရေး၊ တွဲရေး လူထု ဆန္ဒခံယူပွဲ၊ ဓာတ်ပုံ- mirror.uk

စကော့တလန် ပြည်နယ်ဟာ နှစ်ပေါင်း ၃၀၇ နှစ်ကြာအတူတွဲနေထိုင်လာခဲ့တဲ့  ဗြိတိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေးယူမယ်ဆိုတဲ့ ဘက်က ဆန္ဒမဲ ၄၅ ရာခိုင်နှုန်းနီးပါး သာရပြီး ရှုံးနိမ့်သွားခဲ့ရတာပါ။ 

ဗြိတိန်နဲ့ ဆက်လက်ပြီး တွဲနေထိုင်မယ်ဆိုရင် NO မဲ ပေးကြရတာဖြစ်ပြီး လွတ်လပ်ရေးယူမယ်၊ ခွဲထွက်မယ်
ဆိုရင် YES ဆိုပြီး မဲပေးကြရတာပါ။

လူဦးရေ ၅.၂၉၅ သန်းလောက်ရှိတဲ့ စကော့တလန်ပြည်နယ်ကို ဗြိတိန်နဲ့ ခွဲမလား၊ တွဲမလား ဆိုတဲ့ ကိစ္စကို ဆန္ဒမဲပေးသူ ရာခိုင်နှုန်း ၉၀  ကျော်က မဲပေးခဲ့ကြတယ်လို့ ဗြိတိန် အခြေစိုက် သတင်းတွေ က ဖော်ပြပါ တယ်။ မဲဆန္ဒပေးတာမှာ အသက် ၁၇ နှစ်က အထက်ကို မဲပေးခွင့် တိုးမြှင့်သတ်မှတ်ခဲ့တာလို့လည်း ဆိုပါတယ်။ 

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်းကတော့ ပြုပြင်ပြောင်းလဲမှုတွေကို ဒီထက်ပိုအရှိန်မြှင့် လုပ်ဆောင်ကာ စကော့တလန် လွှတ်တော်ကိုလည်း လုပ်ပိုင်ခွင့်တွေပိုပေးသွားမယ်လို့ ကတိပေးစကားပြောလိုက်ပါတယ်။ 

စကော့တလန် တွဲရေး၊ ခွဲရေး ကိစ္စ လူထုဆန္ဒခံယူပွဲမှာ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွမ်းရဲ့ မှတ်ချက် စကားက လူအများ နှစ်ခြိုက်ကြတယ်လို့ သိရပါတယ်။ 

သူက အစိုးရတရပ်ကို မကြိုက်လို့ အပြောင်းအလဲဆိုတာ လိုချင်တာနဲ့ တိုင်းပြည်ကို ထက်ခြမ်းခွဲတာမျိုး မလုပ်သင့်ပါဘူးတဲ့။ ခွဲခွာတာမှန်သမျှ နာကျင်ဖွယ်ကောင်းတဲ့ ကွာရှင်းပြတ်စဲမှုတွေနဲ့ အတူတူပဲ ဖြစ် တယ်လို့ ပြောခဲ့တာပါ။ 

ခွဲထွက်ရေးလိုလားသူတွေကတော့ စကော့တလန်ကို ဗြိတိန်က ခွဲထွက်ပြီး လွတ်လပ်ရေးယူလိုက်ရင် စကော့တလန် စီးပွားရေးဟာ ပိုကောင်းလာမယ်လို့ ဟောပြောမှုတွေ ရှိခဲ့ပါတယ်။ 


အိမ့်သံစဉ် ~ 





.






Viewing all articles
Browse latest Browse all 5236