Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကောလာဟလဆိုတာ အကြာကြီးလည်း ပြောလို့ မရဘူး

$
0
0
 ~




  Royal Green River Prince သင်္ဘောပေါ်မှာ ကျင်းပခဲ့တဲ့ အဆိုတော်ယုန်လေးရဲ့ တကိုယ်တော် ဖျော်ဖြေပွဲအတွက် စာနယ်ဇင်းမိတ်ဆက်တဲ့ အခမ်းအနားကို ရောက်ရှိလာတဲ့
ဆိုတေးက လောလောဆယ်မှာ ဒုတိယတေးစီးရီး မင်္ဂလာပါ ဆိုတေးကို ဗီစီဒီရိုက်ကူးနေသလို တတိယတေးစီးရီးအတွက် လည်း သီချင်းတွေ ရေးသားပြီးပါပြီလို့   ပြောပြခဲ့ပါတယ်။
  •  (ဓာတ်ပုံ – ဆိုတေး Facebook / Ytalk)

လောလောဆယ်မှာ ဆိုတေးရဲ့ ကျန်းမာရေး အခြေအနေက အားလုံးကောင်းသလောက် ဖြစ်နေပြီဖြစ်ပေမယ့် ဒူးက နာနေသေးတာတခုပဲ ကျန်တော့တယ်လို့ ပြောပြခဲ့ပါတယ်။

ကားအက်ဆီးဒင့် ဖြစ်ခဲ့လို့ ဆေးကုသမှု ခံယူပြီး နားနေရတဲ့အချိန်မှာ အဓိကလုပ်ဖြစ်တာက သီချင်းရေးတဲ့အလုပ်ပဲဖြစ်ပါတယ်။

သီချင်းရေးတဲ့အလုပ်မှာ ပိုအားသန်တာက အလွမ်းသီချင်းရေးရတာကို ပိုအားသန်တဲ့အတွက် အလွမ်းသီချင်းနဲ့ အချစ်သီချင်းတွေ ရေး ဖြစ်ထားတယ်လို့ သိရပါတယ်။

ဒုတိယတေးစီးရီးဖြစ်တဲ့ မင်္ဂလာပါ ဆိုတေးကို VCD အဖြစ် အမြန်ဆုံး ထွက်နိုင် အောင်ကြိုးစားနေတယ်။
တတိယအခွေအတွက်လည်း သီချင်းတွေအားလုံး ရွေးပြီးပါပြီ။ သီချင်းအားလုံးကို ဆိုတေးတယောက်တည်း ရေးထားပါတယ်။
ခံစားချက်တွေနဲ့ ရေးထားတဲ့ သီချင်းတွေကို ကိုယ့်ဟာကိုယ် ပြန်ဆိုရတာ ပိုအဆင်ပြေလို့ သီချင်းတွေကို အကုန်လုံးကို ရေးဖြစ်သွားတာ ဖြစ်တယ်လို့ ဆိုတေးက ဆိုပါတယ်။

ကားအက်ဆီးဒင့် ဖြစ်ပြီးတဲ့ နောက်ပိုင်းထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေကို ဆိုတေးနေပြန်ကောင်းရင် ရှင်းသွားမှာပါလို့ ပြောထားတဲ့အတွက် အဲဒီကောလာဟလတွေ ရှင်းသွားပြီလားလို့ မေးကြည့်တဲ့အခါ ဆိုတေးက
အားလုံးအဆင်ပြေသလောက်ဖြစ်သွားပါပြီ။ကောလာဟလဆိုတာ အကြာကြီးလည်း ပြောလို့ မရဘူး။ အမှားဆိုတာ အမြဲတမ်းမခံဘူး။
ကောလာဟလဆိုတာလည်း သူ့ဟာသူ ပျောက်သွားမှာပါလို့ ဆိုတေးက ပြောပြခဲ့ပါတယ်။

အားပေးတဲ့ ပရိသတ်၊ ချစ်ကြတဲ့ ပရိသတ်တွေကို ဆိုတေးက ကျနော် အနုပညာအလုပ်တွေကို ဆက်လုပ်နေ ပါတယ်။ အရင်ထက် ပိုပြီးကြိုးစားတယ်၊ အရင်ထက် ပိုလှူတယ်။
အားလုံးနဲ့လည်းပျော်ပျော် ရွှင်ရွှင်ပါပဲ။ လောလောဆယ်မှာ သီချင်းတွေအများကြီး ရေးထားပါတယ်လို့ ဆိုတေးက ပရိသတ်များကို ပြောကြားခဲ့ပါ တယ်။
  • လင်းနိုင်ဦး

အလင်းတန်းဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်။



.

Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)