Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အီဘိုလာ သံသယရှိသူ တဦး ရန်ကုန်လေဆိပ်မှာတွေ့

$
0
0
အီဘိုလာရောဂါဖြစ်ပွားရာ အာဖရိကမှ ပြန်လာသူ မြန်မာ ၁ ဦးတွင် ဖျားခြင်း လက္ခဏာခံစား ရ၍  ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်စစ်ဆေးနေပါတယ်။ 

 ဓာတ်ပုံ- globaltravelmate.com

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယမန်နေ့ညပိုင်းက အာဖရိကအနောက်ပိုင်းဒေသ Guinea နိုင်ငံ
နှင့် Liberia နိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသူ အသက်(၂၂)နှစ် အရွယ် အမျိုးသား(၁)ဦးသည် ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် ရောဂါလက္ခဏာများ ခံစားနေ ရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်း၍ လိုအပ်သော ဆေးကုသ
ခြင်းနှင့် ဓာတ်ခွဲ စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

လူနာနှင့်အတူ လူနာအား ပြုစုကုသလိုက်ပါပို့ဆောင်သူ (၄)ဦးတို့အားလည်း ဝေဘာဂီအထူးကု ဆေးရုံ တွင် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

"ဝေဘာဂီအထူးကုဆေးရုံတွင် ဆေးရုံအုပ်ကြီးနှင့် သမားတော်ကြီးတို့ ဦးဆောင်သော အဖွဲ့က လူနာအား သီးခြားခွဲခြားထားရှိကုသမှုဆောင်ရွက်ခြင်း၊ လူနာနှင့်အတူပါလာသူ ထိတွေ့သူ (၄) ဦးအားလည်း သီခြားခွဲခြား ထားရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရန်ကုန်ပြည်သူ့ကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာနက လူနာနှင့် လူနာအား ထိတွေ့ကိုင်တွယ်သူ(၄)ဦးထံမှ လိုအပ်သော ဓာတ်ခွဲနမူနာများ ရယူ၍ ကူးစက်မြန်အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ညွှန်းပို့ဓာတ်ခွဲခန်း (Reference Laboratory) သို့ ပေးပို့ စစ်ဆေးလျက်ရှိကြောင်း"ကျန်းမာရေးဌာနက ကြေညာထားသည်။












Viewing all articles
Browse latest Browse all 5236

Trending Articles