Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒုက္ခသည်အိမ်မှာ အစိုးရတပ်သားများ ခိုလှုံ

$
0
0
~


 


ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် ဖာဆောင်ကျေးရွာအုပ်စု အတွင်းမှ ဒုက္ခသည်တို့ အိမ်ပြန်ရန် ခက်နေကြခြင်းမှာ အစိုးရစစ်တပ်က ၎င်းတို့၏ နေအိမ်များတွင် တပ်စွဲထားခြင်းကြောင့် ဖြစ်သည်ဟု  သိရသည်။

 

 

မတ်လ ၂၇ ရက်နေ့ နေပြည်တော် စစ်ရေးပြအခမ်းအနား မြင်ကွင်း (ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ)

 မြန်မာအစိုးရတပ် နှင့် ရှမ်းပြည်နယ် တပ်မတော် မြောက်ပိုင်း SSPP/SSA တို့၏ ရန်စောင်မှုများ၏ ရလဒ်အဖြစ် ထိုဒေသရှိ ဝမ့်ဝပ် အမည်ရှိ ဘုန်းကြီးကျောင်းတွင် တလကြာ စစ်ပြေးရှောင်နေသူ အရေအတွက် ၂ဝဝ ကျော်သည်ဟု ဆိုသည်။

စစ်ဘေးဒုက္ခသည်တို့ကို   ကူညီပေးနေသော ဒေသခံတယောက်ဖြစ်သည့် ဦးစိုင်းလှရွှေသိန်းက   “ကာချုပ်၊ သမ္မတနဲ့ နိုင်ငံရေးပါတီတွေဆီကို စာတင်သွားမှာပါ။ တပ်သား တွေက ရွာသားတွေ နေအိမ်မှာ နေနေကြတယ်။ တပ်တွေ ရွာထဲကနေထွက်မှ ဒေသခံတွေက
ရွာကိုပြန်ရဲမှာပါ။  အဲနေရာမှ ခလရ ၉ နဲ့ ခလရ ၁၂ တပ်တွေ နေနေပါတယ်” ဟု  ပြောသည်။

 အဆိုပါဒုက္ခသည်များအတွက်  စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

ကျေးသီးမြို့နယ် ဒေသခံ ကိုကျော်ခိုင်က “တပ်သားတွေ ရွာကနေထွက်ဖို့ ဘာလို့တောင်းဆိုရလဲဆိုတော့ ...  တိုက်ပွဲတွေ ဖြစ်ရင် ရွာသားတွေကို  ထိမှာကြောက်လို့ပါ” ဟု  ဧရာဝတီသို့ပြောသည်။

 တိုက်ပွဲနောက်ဆက်တွဲအဖြစ်  ခြံ၊ မြေ ပျက်စီးမှု များနေကြောင်း၊ စိုက်ပျိုးရာသီတွင် စိုက်ပျိုးရေး မလုပ်နိုင်ဘဲ ထွက်ပြေးနေရသည့်အတွက်  လာမည့်နှစ်စားဝတ်နေရေး ခက်ခဲနိုင်ကြောင်း၊ ဒေသခံတို့က ရွာပြန်ပြီး လုပ်ငန်းခွင် ၀င်လိုကြကြောင်း  ကိုကျော်ခိုင်က ဆိုသည်။

နန်းဆိုင်နွမ်


.


Viewing all articles
Browse latest Browse all 5236

Trending Articles