Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သိန်းတရာကျော် ဆုပေးမယ့် တယ်လီနောရဲ့ ဂီတပြိုင်ပွဲ

$
0
0
 ~

 

တယ်လီနောမြန်မာက ဂီတပြိုင်ပွဲတခု ပြုလုပ်နေပါတယ်။ အဲဒါကတော့ မြန်မာ့ တေးသွား ငွေကြယ်ပွင့်ပြိုင်ပွဲ ဆိုတာပါပဲ။


  • ခင်မြတ်မွန်  (ဓာတ်ပုံ - တယ်လီနော)

ဆုသုံးခု -   ပထမဆု  သိန်း ၁၀ဝ၊ ဒုတိယ နဲ့  တတိယကို သိန်း ၂၀ စီ ပေးမယ်လို့ ကြေညာထားပါတယ်။

ကဲ... ပြိုင်ပွဲကို တေးသွား ဘယ်နှစ်ခု ရောက်လာပြီလဲ?

တေးသွားပေါင်း ရှစ်ထောင်ကျော် ကျော်လက်ခံရရှိခဲ့ပြီး အောင်မြင်တဲ့ တေးသွားငွေကြယ်ပွင့် ဘယ်သူဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြရအောင်။

တယ်လီနောမြန်မာရဲ့ မူပိုင်သင်္ကေတ ဂီတတေးသွားဟာ စက်တင်ဘာလမှာ စတင်မည့် ဝန်ဆောင်မှုတွေရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်
လို့ တယ်လီနောက သူ့ဖေ့စ်ဘုတ်မှာ ရေးပါတယ်။

 
  • လင်းလင်း နဲ့ ဓိရာမိုရ် (ဓာတ်ပုံ - တယ်လီနော)

အဲဒီ တေးသွားတွေကို အဆက်မပြတ် နားထောင်ရမယ့် အကဲဖြတ်ဒိုင်လူကြီးများကတော့ ဂီတလောကမှာ ထင်ရှားကြတဲ့  ခင်မြတ်မွန်၊ ဓိရာမိုရ်၊ လင်းလင်း တို့ပါပဲ။ မြင်နေရတဲ့ပုံတွေက အဲဒီ ရှစ်ထောင်ကျော်သော အသံဖိုင်တွေကို ဖွင့်နားထောင်နေတဲ့ပုံတွေ ဖြစ်ပါလိမ့်မယ်။

ဘယ်သူကများ ငွေကျပ်ဆယ်သန်း ပိုင်ဆိုင်ပြီး ဂီတငွေကြယ်ပွင့် ဖြစ်လာမလဲဆိုတာစိတ်ဝင်စားစရာပါ။ ကျွန်တော်တို့ရဲ့စာမျက်နှာနဲ့ အဆက်မပြတ်စေဘဲ အကောင်းဆုံး ဂီတတေးသွား ၃ခုအနက်မှ မူပိုင်သင်္ကေတ ဂီတတေးသွားကို ဘယ်လိုမဲပေးရွေးချယ်ရမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦး....

ဒီမူပိုင်သင်္ကေတ ဂီတတေးသွားဟာ တယ်လီနောမြန်မာရဲ့ဝန်ဆောင်မှုတွေမှာ အသံပိုင်းဆိုင်ရာမူပိုင်သင်္ကေတအဖြစ် စတင်ရောင်းချမိတ်ဆက်ချိန်ကစလို့ အထိမ်းအမှတ်တစ်ခုဖြစ်လာမှာပါ
လို့လည်း တယ်လီနောက သူ့ဖေ့စ်ဘုတ်မှာ ရေးပါတယ်။
ဆန်ကာတင် ရွေးချယ်ထားတာတွေကို ပရိသတ်ကမဲပေးရွေးချယ်တဲ့ အစီအစဉ်လည်း ဆောင်ရွက်ဖွယ် ရှိပါတယ်။

တယ်လီနောက အဲဒီတေးသွားကို အရောင်းမြှင့်တင်ရေး ကြော်ငြာလုပ်ငန်းတွေမှာ သုံးမယ်၊ ပြီးတော့ MPT က လုပ်သလိုမျိုး "လူကြီးမင်းခေါ်ဆိုသော ...."ဆိုတဲ့ အလိုအလျောက် ဖြေကြားတဲ့ အသံတွေထဲ  အဲဒီတေးသွား တပိုင်းတစ ထည့်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။
http://blog.irrawaddy.org/2014/08/blog-post_84.html 


.

Viewing all articles
Browse latest Browse all 5236

Trending Articles