Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တာချီလိတ်က ရွှေတွင်းလုပ်ငန်းတွေရပ်ဆိုင်းဖို့ ပြည်နယ်ဝန်ကြီး အမိန့်ပေး

$
0
0
 ~


 


တာချီလိတ်မြို့နားမှာ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေသူ အများအပြားကို လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းထားဖို့၊ ဒေသခံ လယ်သမားတွေကို လျော်ကြေးပေးဖို့
ရှမ်းပြည်နယ် အစိုးရ သတ္ထုတွင်းနဲ့သစ်တောဝန်ကြီး စိုင်းအိုက်ပေါင်းက အင်္ဂါနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

ရွှေတူးဖော်ရေးလုပ်ငန်းက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် အဲဒီဒေသ လယ်ယာမြေတွေ ရေလမ်းကြောင်းတွေ ပျက်စီး၊ ရေထုညစ်ညမ်းခဲ့တဲ့အတွက် ဒေသခံတွေကို လျော်ကြေးပေးဖို့ ပြောလိုက်တာပါ။

ဝန်ကြီး အဲဒီလို ရပ်ဆိုင်းမိန့် ထုတ်ခဲ့တာကတော့ တွေ့ဆုံပွဲတခုမှာပါ။
ထိခိုက်နစ်နာခဲ့ရတဲ့ ဒေသခံတွေ၊ ပြည်နယ်လွှတ်တော်အမတ်တွေ၊ ပြည်နယ်အဆင့် အုပ်ချုပ်ရေး အရာရှိ၊ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တို့ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ ပွဲပါ။

ဒီအကြောင်း Shan Minister Orders Halt to Environmentally Damaging Mining  ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ ရေးပါတယ်။
http://www.irrawaddy.org/burma/shan-minister-orders-halt-environmentally-damaging-mining.htmlမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။ ဆက်ပြီး ညွှန်းရရင်  .... နားဟိုင်းလုံ ဆိုတဲ့ ရွာနဲ့ အဲဒီဒေသက ရွာတချို့မှာ လုပ်ငန်းရှင်တွေအတွက် ရွှေထွက်ပေမယ့် ဒေသခံတွေအတွက်တော့ ဧက ၃၀၀ ထက် မနည်း လယ်လုပ်ကွက်တွေ ပျက်ခဲ့ပါပြီ။
ဒီဖြစ်ရပ်အတွက် ၀င်ငွေ ထိခိုက်ရတဲ့  ဒေသခံ အိမ်ထောင်စု ကိုးဆယ်ခန့် ရှိပါမယ် တဲ့။
သောက်သုံးရေ၊ ငါးဖမ်း၊ လယ်လုပ်ဖို့အတွက် သူတို့တွေအားကိုးရတဲ့ စမ်းချောင်းတွေလည်း ပျက်စီးနေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးက သူ့အမိန့်ကို မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကို ရဲတပ်ဖွဲ့က အရေးယူမယ်လို့ ပြောဆိုကြောင်း ဒေသခံ အမျိုးသမီးက ပြောပါတယ်။
သို့သော်လည်း  ၀န်ကြီးအမိန့် တကယ် အလုပ်ဖြစ်မဖြစ်  စောင့်ကြည့်ရပါဦးမယ် တဲ့။
ဘာကြောင့်လဲ ဆိုတော့ ဒီလိုရပ်ဆိုင်းဖို့အမိန့်ကို ဒေသခံ အာဏာပိုင်တွေက ယခင်ကလည်း ထုတ်ခဲ့ပြီးပြီ၊ မနေ့ကအထိတော့ လုပ်ငန်းရှင်တွေက လုပ်ငန်း လည်ပတ်နေတာကြောင့်ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

 


.

Viewing all articles
Browse latest Browse all 5236

Trending Articles