Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကြည့်ရှုအားပေးတဲ့ ခွေး

$
0
0
ကမ္ဘာ့ဖလား ဘောလုံးပွဲ ရာသီမှာ ဘောလုံးဝါသနာအိုးတွေလည်း ဘောလုံးပွဲတွေ စောင့်ကြည့်ပြီး အားပေး ကြတာ ကမ္ဘာတ၀န်း လူပေါင်း သန်း ရာနဲ့ချီ ရှိပါတယ်။ ကိုယ်အားပေးတဲ့ အသင်းအတွက် အနိုင်ဂိုး သွင်းချိန် များဆို စိတ်လှုပ်ရှားမှုတွေက အထွဋ်အထိပ် ဖြစ်လာတတ်ကြတာလည်း အားလုံး သိနေကြပြီးသားပါ။ ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကြည့်ရှုအားပေးတဲ့ လူမဟုတ်ဘဲ တိရိစ္ဆာန်တကောင်အကြောင်းလည်း ဒီရက် ပိုင်း အွန်လိုင်းပေါ်မှာ လူကြိုက်များတဲ့ ပို့စ်တခု ဖြစ်နေပါတယ်။ 


ဒါကတော့ အိမ်မွေး ခွေးတကောင်က သူလည်း ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကြည့်ရှုအားပေးရင်း ဂိုး ဆို တဲ့ အော်သံနဲ့အတူ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို လည်း အထင်အရှား ပြသတာတွေ့ရပါတယ်။ 

ဒီ ခွေးလေးဟာ ဘောလုံးပွဲကို ကောင်းကောင်း ကြည့်တတ်၊ အားပေးတတ်တဲ့ လက္ခဏာကို ဗွီဒီယိုကို ကြည့်တဲ့သူတိုင်း မြင်တွေ့ကြရမှာဖြစ်ပါတယ်။ 

ဒီ ဗွီဒီယို အွန်လိုင်းမှာ တက်လာတော့ ဝေဖန်တာတချို့လည်း တွေ့ရပါတယ်။ 

ဒီခွေးဟာ တီဗွီ ဖန်သားပြင်ကို ကြည့်နေတာမဟုတ်ဘဲ တီဗွီ ဖန်သားပြင်ရဲ့ နောက်မှာ တစုံတယောက် ရှိနေတယ်လို့လည်းမှတ်ချက်ပြု ဝေဖန်ပါတယ်။ 

ကင်မရာသမားက နောက်တနေရာကနေ မှတ်တမ်းယူတယ်ပေါ့။ ဂိုး လို့ ကြေညာလိုက်ချိန်မှာ ဒီခွေး ကို စိတ်လှုပ်ရှားတဲ့ အမူအရာ ဖြစ်လာဖို့ တီဗွီဖန်သားပြင်နောက်က တစုံတယောက်က စီမံတာဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။ 

ဧရာဝတီ ပရိသတ်တွေအနေနဲ့ ဖြစ်နိုင်ချေများကို ကိုယ်တိုင် ကြည့်ပြီး ဝေဖန်သုံးသပ်နိုင်ပါတယ်။

  


အိမ့်သံစဉ် ~ 

 









Viewing all articles
Browse latest Browse all 5236

Trending Articles