Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ယောက်ျားမာယာ

$
0
0
အမျိုးသမီးတွေရဲ့ လက်ကို ကြည်ကြည်ဖြူဖြူနဲ့ ကိုင်ခွင့် ရအောင် အမျိုးသား တဦးက ဥာဏ်များပုံတွေထဲက တမျိုးကို ဖော်ပြထားတဲ့ ဗွီဒီယို မှတ်တမ်း တခုပါ။ ဒါကိုပဲ ယောက်ျားမာယာလို့ ခေါ်လေမလား မသိပါဘူး။ 


ဒါပေမယ့် သူ ရဲ့ အမျိုးတွေကို လက်ကိုင်ခွင့် ရရေး ချည်းကပ်ပုံကတော့ လိမ္မာပါးနပ်တယ်လို့ ပြောရမှာပါ။ သူက လမ်းမှာတွေ့တဲ့ အမျိုးသမီးတွေကို လက်ကိုင်ခွင့်ရအောင် ပါးပါးနပ်နပ်ကြိုးစားပြီး တခါတရံ အပြင်ကို အတူ လျှောက်လည်ဖို့အတွက်ပါ တယ်လီဖုန်းနံပတ်တွေ အပြန်အလှန် ပေးတာယူတာလည်း လုပ်ပါတယ်။ 

လက်ကိုင်ပြီး လက်တွဲ လမ်းလျှောက်တဲ့ စုံတွဲသဏ္ဍန် ဖြစ်ပေမယ့် သူ့ရဲ့ ချည်းကပ်မှု ပါးနပ်တာကြောင့် အမျိုးသမီးတွေလည်း ပထမတော့ ကြောင် သွားကြပေမယ့် မယဉ်မကျေး တုံ့ပြန်တာမျိုးတော့ မရှိပါဘူး။ 

တကယ်ဆိုရင် ဒီလိုမျိုး လုပ်ဖို့ မလွယ်ကူနိုင်ပါဘူး။ ဒါကိုပဲ ယူကျမှာ မိန်းကလေးများရဲ့ လက်ကိုကိုင်ဖို့ လိမ္မာပါးနပ်တဲ့ နည်းလမ်းလို့ ခေါင်းစဉ်တပ်ပြီး သူက တင်ထားပါတယ်။ ကြည့်ရှုသူလည်း အတော်များပါ တယ်။ 

မြန်မာနိုင်ငံမှာ အဲဒီလိုမျိုး လုပ်မိရင်တော့ ကံမကောင်းရင် အချုပ်ခန်းနဲ့ထောင်ထဲပါ ရောက် သွားနိုင်ပါ တယ်။ ဒါပေမယ့် မြန်မာနိုင်ငံက အမျိုးသားတွေကလည်း သူ့လိုပဲ လိမ္မာပါးနပ်တဲ့ နည်းနဲ့ အမျိုးသမီးတွေရဲ့ လက်ကို ကိုင်ခွင့် ရဖို့ လုပ်တတ်ကြပါတယ်။ လက္ခဏာ ဟောပေးမယ်ပြောပြီး လက်ကိုင်မယ်ဆိုရင်တော့ 
မြန်မာမိန်းကလေးတွေက ကြည်ကြည်ဖြူဖြူ လက်ခံကြလေ့ ရှိပါတယ်။ 

  


အိမ့်သံစဉ် ~ 


 










Viewing all articles
Browse latest Browse all 5236

Trending Articles