Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ငွေ ကျပ် ၅၆ သိန်းတန် ကားနံပတ် 6G 9999

$
0
0
မြန်မာနိုင်ငံက ကားနံပတ်တွေမှာ အပူးဂဏန်း ကြိုက်သူတွေကတော့ 6G 9999 ဆိုတဲ့ ကားနံပတ်အတွက် ငွေ ကျပ် ၅၆ သိန်းနဲ့ ကားပိုင်ရှင်တဦးက ပေးဝယ်သွားပါတယ်။ 


  ဘိန်းဘုရင်ဟောင်းလော်စစ်ဟန်ရဲ့ ဈာပန အခမ်းအနားတခုမှာတွေ့ရတဲ့ ၉ လေးလုံးပူးကားနံပတ်နဲ့ ကား 


ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန ( ကညန) က နိုင်ငံတော်အတွက် ပြည်သူ့ ဘဏ္ဍာ ပိုမို ရစေ ဖို့ နဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ကိုယ်ကြိုက်ရာ အပူးဂဏန်းတွေ ရစေဖို့အတွက် အခုလို အပူးဂဏန်း
တွေ ကို ဈေးပြိုင်စနစ်နဲ့ ရောင်းချပေးနေတာပါ။ 

 အဲဒီဈေးပြိုင်စနစ်နဲ့ အပူးဂဏန်းတွေထဲက အခုနောက်ဆုံး 6G 9999 ကား နံပတ်ကို ကျပ်ငွေ ၅၆ နဲ့ ရောင်း ချ လိုက်တဲ့ အကြောင်း ဒီနေ့ နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာပါ။ 

မြန်မာ့အလင်း သတင်းစာဖြတ်ပိုင်း 

56 9999 ဆိုတဲ့ ကားနံပတ်ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်းကျပ် ၅၂ သိန်းနဲ့ကညန က ရောင်းချ ပေးခဲ့ပါသေးတယ်။ ဒီအကြောင်းကိုလည်း ဧရာဝတီ ဘလော့ဂ်မှာ ကျပ် ၅၂ သိန်းတန် ကားနံပတ် 5G 9999 ဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်။ 



 အိမ့်သံစဉ် ~





  • ဧရာဝတီ Facebook
     / ဧရာဝတီ Twitter 
  •  
  •  
  •  
  •  

  • Viewing all articles
    Browse latest Browse all 5236

    Trending Articles