Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပုဇွန်တောင်- ဒေါပုံ- သာကေတ မြစ်ကူးတံတားဆောက်မယ်

$
0
0

ရန်ကုန် ဆိပ်ကမ်းနဲ့ သီလဝါ ဆိပ်ကမ်းတွေကို ကုန်စည်တွေ အလွယ်တကူ ပို့နိုင်အောင်လို့ ပုဇွန်တောင်- ဒေါပုံ- သာကေတ မြစ်ကူး တံတားတစင်းကို အာရှ ဖွံ့ဖြိုးရေး ဘဏ် ADB အကူအညီနဲ့ အမြန်ဆုံး တည်ဆောက် သွားတော့မှာဖြစ်ပါတယ်။ 

 ကြေးမုံသတင်းစာ ဖြတ်ပိုင်း 

အခု တည်ဆောက်မယ့် မြစ်ကူးတံတားဟာ ခံနိုင်ရည် ဝန် ၇၅ တန်ရှိပြီး အရှည် ပေ ၁ဝဝဝ ရှိတဲ့ တံတား အမျိုးအစားလည်းဖြစ်ပါတယ်လို့ သက်ဆိုင်ရာ အင်ဂျင်နီယာပြောတာကို ကိုးကားပြီး ဒီကနေ့ ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။ 

 အရင် စစ်အစိုးရလက်ထက်ကတည်းက တံတားတွေကို စီမံကိန်းတွေနဲ့ တည်ဆောက်လာခဲ့ပြီး အခု သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာ အခု တည်ဆောက်မယ့် တံတားကြီးကတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အာရုံထားပြီး တည်ဆောက်မယ့် တံတားတစင်းလည်းဖြစ်ပါတယ်။ 


 အခု တည်ဆောက်မယ့် တံတားဟာ ပင်လယ်ကူး သင်္ဘောကြီးတွေ ဆိုက်ကပ်တဲ့ ရန်ကုန်ဆိပ်ကမ်းနဲ့ သီလဝါ ဆိပ်ကမ်းကို အဓိက ဆက်သွယ်မယ့် တံတားလည်းဖြစ်ပြီး သီလဝါ ဆိပ်ကမ်းဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးပွားရေး ဇုံကြီး တခု အဖြစ် ကြိုးစားတည်ဆောက်နေတာလည်း ဖြစ်ပါတယ်။ 

အခုလို မြစ်ကူးတံတား တည်ဆောက်မယ်ဆိုတဲ့ သတင်းကြောင့် ဒေါပုံ- သာကေတ က အိမ်၊ ခြံ၊ မြေ ဈေးတွေလည်း ဒါကို အကြောင်းပြုပြီး ဈေးတွေ တက်လာနိုင်မယ်လို့လည်း ရန်ကုန်မြို့က အိမ်ခြံမြေ အကျိုးဆောင် တဦးက မှတ်ချက်ပြုပါတယ်။  


 အိမ့်သံစဉ် ~ 



.

Viewing all articles
Browse latest Browse all 5236

Trending Articles