Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

Pepsi နဲ့ Coke တို့ မြန်မာပြည်မှာ ဈေးကွက်လုကြမယ်

$
0
0
 ~


 

Pepsi နဲ့  Coke တို့ရဲ့ယှဉ်ပြိုင်မှုက မြန်မာပြည်အချိုရည်ဈေးကွက်ကြိုးဝိုင်းထဲကိုလည်း  ရောက်လာပါပြီ။


(Photo: JPaing / The Irrawaddy)  -
Coke
(ကိုကာကိုလာ)က လမ်းတကာ ဆိုင်တကာ ရောက်နေချိန်မှာ ပက်စီက အခုမှ ခတ်ကွင်းပြင်နေတာပါ။
တောင်ကိုရီးယားရဲ့  Lotte Chilsung ကုမ္ပဏီ နဲ့ မြန်မာပြည်က Myanmar Golden Star (MGS) ကုမ္ပဏီ တို့ ပူးပေါင်းပြီး မြန်မာပြည်မှာ ပက်စီထုတ်မယ်၊ ဖြန့်မယ် ဆိုတဲ့ကြေညာချက် ကြာသပတေးနေ့က ထွက်လာပါတယ်။

 ပူးပေါင်းဆောင်ရွက်မှုအတွက် ဒေါ်လာ ၈၁ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။
ဟိုဘက်က  ၇၀% ၊ MGS ဘက်က  ၃၀% ပါဝင်ပါလိမ့်မယ်။

Lotte Chilsung ကုမ္ပဏီက တောင်ကိုရီးယားမှာ ပက်စီထုတ်နေတာ နှစ်သုံးဆယ်ကြာပါပြီ။
ဒီအတွေ့အကြုံတွေနဲ့ မြန်မာပြည်ထဲရောက်လာတာပါ။

MGS ကလည်း အချိုရည်ထုတ်စက်ရုံ ရန်ကုန် လှိုင်သာယာစက်မှုဇုန်မှာ ရှိပါတယ်။
ပက်စီနဲ့ ဆက်စပ်အချိုရည်များထုတ်မယ် ဆိုတော့ စက်ရုံကို သင့်တော်သလို ပြန်ပြင်ဆင်မွမ်းမံမယ်လို့ သိရပါတယ်။
ဖျော်ရည်တွေကို မြို့ကြီး ၁၇ မြို့မှာ ပုလင်းသွပ်ပြီး ဖြန့်ပါမယ် တဲ့။
ဒီအကြောင်း South Korean-Burmese Joint Venture to Start Pepsi Drinks Production ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ
http://www.irrawaddy.org/business/south-korean-burmese-joint-venture-start-pepsi-drinks-production.htmlမှာ ရေးထားတာပါ။

ကိုကာကိုလာက သူ့ကို ပိုပြီးစွဲလန်းရေးအတွက် ရဲရဲတောက်နေအောင် ကြော်ငြာနေတာ ကြာပါပြီ။
ပြိုင်ဘက်ကြီး ပက်စီ မြန်မာပြည် ပြန်ဝင်လာပြီ ဆိုတော့ မျက်စေ့နောက်လောက်အောင် အပြိုင်အဆိုင် ကြော်ငြာကြပါလိမ့်မယ်။

တကယ်တော့ ပက်စီက  အပြေးသန်ခဲ့သူပါ။
Diamond Star ဆိုတဲ့ ကုမ္ပဏီကတဆင့် မြန်မာပြည်ထဲကို ပက်စီတွေ၊ ဆဲဗင်းအပ်တွေ သွင်းတာ ၂၀၁၂ ကတည်းကပါ။ ဗီယက်နမ်မှာထုတ်တဲ့ ပက်စီတွေ သွင်းတာပါ။
သို့သော်လည်း နောက်တနှစ်မှာတော့ ရပ်လိုက်ပါတယ်။
အဲဒီကုမ္ပဏီကဝန်ထမ်းတဦးရဲ့ အဆိုအရ .. ရပ်လိုက်ရခြင်းအကြောင်းရင်းကတော့ ထိုင်းမှာထုတ်တဲ့ပက်စီတွေ နယ်စပ်ဖြတ်ဝင်လာတဲ့အတွက်ကြောင့်ပါ တဲ့။
နယ်စပ်ကလာတဲ့ပက်စီက ဈေးပိုချိုတယ်လို့ ဆိုတယ်။

ပက်စီက မြန်မာပြည်ကို ၂ ခါ ဝင်တယ်လို့ ဆိုရမယ်။ ၁၉၉၄ မတိုင်ခင်ကလည်း ဝင်ခဲ့၊ စက်ရုံတည်ခဲ့ ထုတ်လုပ်ခဲ့တာပါ။
အဲဒီကာလ စစ်အစိုးရအုပ်ချုပ်တဲ့မြန်မာပြည် စီးပွားရေးဒဏ်ခတ်မှု ခံရတဲ့အတွက် ပက်စီလည်း မြန်မာပြည်ကနေ ဆုတ်ခွာသွားတာပါ။
အခုတော့ သူ ပြန်ဝင်လာပြန်ပါပြီ။

သိပ်မကြာခင် ပက်စီ နဲ့ ကိုကာကိုလာတို့ရဲ့ယှဉ်ပြိုင်မှုကြီးကို မြင်ရပါတော့မယ်။
လာမယ့်နွေရာသီဆိုရင် ယှဉ်ပြိုင်မှုက ပိုအရှိန်ရလာ၊ စားသုံးသူအများအပြားလည်း ဒီအချိုရည်တွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဖောဖောသီသီ သောက်သုံးလာနိုင်ကြဖွယ်ရှိပါတယ်။

 South Korean-Burmese Joint Venture to Start Pepsi Drinks Production

http://www.irrawaddy.org/business/south-korean-burmese-joint-venture-start-pepsi-drinks-production.html

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles