Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မွန်ဂိုတွေ ပုဂံကိုရောက်တယ်၊ ခုတော့ နေပြည်တော် ရောက်လာပြီ

$
0
0
~


မွန်ဂိုလီးယား သမ္မတ နေပြည်တော်ကို ရောက်တော့ .... ရှင်ဟာ  နှစ်ပေါင်း ၇၃ဝ အတွင်း မြန်မာ့မြေကိုနင်းတဲ့ ပထမဆုံးသော မွန်ဂိုလီးယားဖြစ်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က တင်စား ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြောတာပါ။

 



ဒီနှစ်နိုင်ငံက သမိုင်းကြောင်းဆိုင်ရာ ဆက်နွယ်မှု ရှိသလို လတ်တလောမှာတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အခက်အခဲတွေနဲ့ ကြုံနေရတဲ့နိုင်ငံတွေ ဖြစ်ပါတယ်၊ ဒါကြောင့် ကောင်းမွန်တဲ့ အနာဂတ်အတွက် ကျမတို့ရဲ့ ပြည်သူတွေမှာ မျှော်လင့်ချက် ယုံကြည်ချက် ရှိကြဖို့ လုပ်ဆောင်နေကြတယ်၊ အခွင့်အရေးတွေက ကျမတို့ကို စောင့်နေမှာ မဟုတ်ဘူး၊ ကျမတို့က ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် ဖန်တီးယူကြရမယ်၊ ကျမတို့ရဲ့ အဓိက ရည်မှန်းချက်က ကျမတို့ရဲ့ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပြန်ရှိလာဖို့ပါ၊ ဒီရည်မှန်းချက် အထမြောက်အောင်မြင်ရေးအတွက် မွန်ဂိုလီးယားက ပူးပေါင်းဆောင်ရွက်မယ် ကူညီမယ် ဆိုတာ ကျမ သိပါတယ်။

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတနဲ့ တွေ့ရာမှာ ပြောဆိုတဲ့ထဲက ကောက်နုတ်လိုက်တာပါ။

နောက်တနေ့ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောတော့ 
မွန်ဂိုလီးယားသမ္မတ အဲဒီ
ပြောဆိုချက်ထဲက တခုကို ပြန်ကိုးကားထားပါတယ်။  (ကိုးကားတာလည်း ဖြစ်နိုင်သလို နဂိုကတည်းက ကြိုရေးထားတဲ့ မိန့်ခွန်းမှာ ပါပြီးသားလည်း ဖြစ်နိုင်ပါတယ်)

Some 730 years ago, Khubilai Khaan’s grandson travelled to Myanmar

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၃ဝ တုန်းက ကူဗလိုင်ခန်ရဲ့မြေးက မြန်မာပြည်ကို ရောက်ခဲ့ဖူးပါတယ် လို့ သမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျဇတ်ခ် ဟီးလ်ယာဒ်က ရန်ကုတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာတော့ သူက  လာမယ့် ၃ နှစ်ဆိုရင် သူ့ရဲ့ သမ္မတသက်တမ်း ပြီးမယ် အဆုံးသတ်မယ်၊ အဲဒီအခါ မြန်မာပြည် ထပ်လာမယ်လို့ ဆိုတယ်။

  မွန်ဂိုလီးယား ဆိုတာ  ပင်လယ်ထွက်ပေါက်မရှိ၊ ကုန်းတွင်းပိတ်နိုင်ငံပါ။
တချိန်ကတော့ အင်ပါယာကြီးဖြစ်ခဲ့ပြီး တရုတ်ကိုသိမ်းခဲ့၊ မြန်မာပြည် ပုဂံဒေသအထိတောင် ရောက်ခဲ့တယ်လို့ သမိုင်းဆရာတချို့က ဆိုပါတယ်။
အခုတော့ လူဦးရေ ၃ သန်း မပြည့်တပြည့်နိုင်ငံလေးပေါ့။
မြန်မာပြည်နဲ့ တအိမ်ကျော်နိုင်ငံ ဆိုပေမယ့် ကြားခံတရုတ်ပြည်က တော်တော်ကြီးတာကြောင့် အိမ်နီးချင်းနိုင်ငံများစာရင်းမ၀င်ဘူးလို့ ဆိုရပါမယ်။

 
မွန်ဂိုလီးယားရဲ့ သမိုင်းကြောင်းက စိတ်ဝင်စားစရာပါပဲ။
တချိန်က မွန်ဂိုအင်ပါယာကြီး ထူထောင်နိုင်ခဲ့တယ်၊ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်း စတဲ့ ဒေသ အများအပြား သူ့လက်အောက် ရောက်ခဲ့တဲ့အထိ တန်ခိုး ထွားခဲ့ပါတယ်။

လက်ရှိ လူဦးရေကလည်း ၃ သန်း နီးပါးလို့ ဆိုတယ်။ မြေပုံထဲ ကြည့်လိုက်တော့ မြန်မာပြည်နဲ့ အရွယ်အစား မတိမ်းမယိမ်း ဆိုတာ တွေ့ရပါတယ်။ နောင် အလျင်းသင့်တဲ့အခါ အဲဒီနိုင်ငံအကြောင်း လေ့လာပြီး ရေးချင်ပါသေးတယ်။

.


Viewing all articles
Browse latest Browse all 5236