Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မေမြတ်မွန်ရဲ့မင်္ဂလာဆောင်

$
0
0
~



ဂီတလောကထဲကမဟုတ်ဘဲ ထင်ရှားနေတဲ့အဆိုတော်က မေမြတ်မွန် ဖြစ်ပါတယ်။ သူ့မင်္ဂလာဆောင်ကို သူနေထိုင်ရာ သြစတေးလျနိုင်ငံ  ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့ပါတယ်။ 


မိတ်ဆွေများအတွက် မင်္ဂလာဆောင်မှတ်တမ်းဗီဒီယို အသင့်ဖြစ်နေပြီ။ ခပ်တိုတိုပဲ ဆိုပြီး ရုပ်သံမှတ်တမ်းကိုလည်း အွန်လိုင်းမှာ တင်ထားပါတယ်။ စိတ်ဝင်စားမယ် အချိန်ရမယ် ပြီးတော့ ... အင်တာနက် မြန်နှုန်းသင့်မယ် ဆိုရင် http://www.youtube.com/watch?v=v8br8lAR57Q&feature=shareမှာ ကြည့်နိုင်ပါပြီ။
မြန်မာပြည်မှာတော့ မင်္ဂလာဆောင်ဆိုတာ နှစ်ဘက်မိတ်ဆွေ ရာနဲ့ချီပြီး ကြွရောက်တတ်ကြပါတယ်။
အနောက်တိုင်းမှာတော့ အဲဒီလို မဟုတ်ပါ။
ရုပ်သံမှာ မြင်ရတဲ့ မေမြတ်မွန်မင်္ဂလာပွဲကလည်း အနောက်နိုင်ငံများရဲ့ ထုံးစံအတိုင်း ဧည့်သည် အနည်းအကျဉ်းကိုပဲ ကန့်သတ် ဖိတ်ကြားထားတယ်လို့ ယူဆရပါတယ်။

  Manly ကမ်းခြေ ဟန်းနီးမွန်းခရီးပုံတချို့ နဲ့  မင်္ဂလာပွဲပုံတချို့ကို သူ့ဖေ့ဘုတ်ကနေ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

Facebook အဆိုတော် မေမြတ်မွန်နဲ့ အင်တာဗျူးကို http://burma.irrawaddy.org/entertainment/2013/11/21/51225.htmlသို့မဟုတ်  http://blog.irrawaddy.org/2013/11/facebook_21.htmlမှာ ဖတ်နိုင်ပါတယ်။

အင်တာဗျူးထဲမှာ သူက သူ့ခင်ပွန်းသည်အကြောင်းကို ဟောဒီလို ပြောပြထားပါတယ် -

သြစတြေးလျရောက်ပြီး တနှစ်ကြာတော့ ကျမ လက်ရှိ ခင်ပွန်းနဲ့ အွန်လိုင်းမှာတွေ့တယ်။ သူ့မှာက ကလေး ၃ ယောက်ရှိတယ်။ သူက တခါမှ လက်မထပ်ထားဘဲ ပထမအမျိုးသမီးနဲ့ အတူနေပြီး နောက်တော့ လမ်းခွဲလိုက်ပြီး တော်တော်ကြာတော့ ကျမနဲ့တွေ့တယ်။ ကျမနဲ့ ချစ်ပြီး ၄ နှစ်ကြာတော့ ကျမတို့ လက်ထပ်လိုက်ကြတယ်။ သူက လက်သမားပါ။ Kitchen တွေ ဆောက်တယ်။ သူက ကျမကို အရမ်းချစ်တယ်။ နားလည်တယ်။ ဘာလုပ်လုပ် သည်းခံတယ်။ ကျမကလည်း သူ့ကို သနားတယ်။ စာနာတယ်။ အဲ့ဒါကြောင့်လည်း လက်ထပ်ဖြစ်သွားတာပါ။
မေမြတ်မွန် မင်္ဂလာဆောင်ချိန် နဲ့ နာမည်ကြီးချိန်က တချိန်တည်း ဖြစ်နေပါတယ်။ နာမည်ကြီး ပရိသတ် များလာတယ်ဆိုတော့ ဆင်ခြင်ရမယ့်အခြေအနေနဲ့ ကြုံနေရတယ်လို့ သူက ဆိုပါတယ်။

အရင်တုန်းကလိုတော့ ပရမ်းပတာ လုပ်ချင်တိုင်း လုပ်လို့မရတော့ပါဘူး။ ကိုယ့်ပရိတ်သတ်ကို ထည့်စဉ်းစားရတော့မှာပေါ့။ ကိုယ့်ပရိတ်သတ်ကို စော်ကားမိမလား သူတို့ မကြိုက်တာများ လုပ်မိမလား။ အဲ့လိုပူပန်တာတွေ ရှိလာပါတယ်။ ပိုပြီး ဆင်ဆင်ခြင်ခြင် လုပ်သွားဖို့ရှိပါတယ်။ ဒါပေမယ့် ပင်ကိုယ် အကျင့်စရိုက်ကတော့ ဖျောက်လို့ မရဘူးပေါ့နော်။ သူများကို မစော်ကားမိအောင်တော့ လုပ်ရမှာပါပဲ။
သူကတော့ ခါတိုင်းလိုပဲ သီချင်းတွေ ဆက်ဆိုဦးမယ်လို့ ပြောထားပါတယ်။

 











.


Viewing all articles
Browse latest Browse all 5236

Trending Articles