Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အာဇာနည်ဗိမာန်မှာ အလေးပြုတဲ့ မွန်ဂိုလီးယားသမ္မတ

$
0
0
~


  မွန်ဂိုလီးယားသမ္မတက ရန်ကုန်ရောက်ခိုက်  အာဇာနည်ဗိမာန်ကို သွားပြီး ပန်းခွေချ အလေးပြုတယ် ဆိုတဲ့ သတင်းကို  ကြာသပတေးနေ့ထုတ် ကြေးမုံသတင်းစာ (စာ ၅) မှာ တွေ့ရပါတယ်။

 



ခါတိုင်း နိုင်ငံတကာ ခေါင်းဆောင်တွေ ရန်ကုန်ရောက်ရင် သူတို့ခရီးစဉ်ထဲ အာဇာနည်ဗိမာန် မပါခဲ့ပါဘူး။

သူတို့ မတောင်းဆိုတာ ဖြစ်နိုင်သလို မြန်မာအာဏာပိုင်တွေ ခွင့်မပြုတာလည်း ဖြစ်နိုင်ပါတယ်။

သမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျဇတ်ခ် ဟီးလ်ယာဒ်က သူ့ခရီးစဉ်ထဲမှာ နေပြည်တော်က ထိပ်သီး နိုင်ငံရေးသမားများနဲ့ တွေ့ခဲ့ပါတယ်။

ရန်ကုန်ရောက်ခိုက် သွားလည်ခဲ့တဲ့ နေရာထဲမှာ သံလွင်လမ်းထဲက New Art Gallery ပြခန်းလည်း ပါဝင်ပါတယ် တဲ့။

ညဘက်မှာတော့ ချက်ထရီယံဟိုတယ်မှာ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ညစာ စားပါတယ်။

ဒီသမ္မတက တခြားနိုင်ငံတွေကိုလည်း သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။
သူ့ရဲ့ ခရီးစဉ်တွေထဲက စိတ်ဝင်စားစရာအကြောင်းတချို့ကို ဒီဘလော့ http://blog.irrawaddy.orgမှာ ဆက်လက် ရေးသား ဖော်ပြမှာဖြစ်ပါတယ်။




.


Viewing all articles
Browse latest Browse all 5236

Trending Articles