Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တင်မိုး ၈ဝ၊ ကဗျာ ၈ဝ နဲ့ ဟိုဘက်ကမ်းက ဖန်မီးအိမ်

$
0
0
~




 



 
နိုဝင်ဘာ ၁၉ရက်နေ့တွင် ကျရောက်သော ကဗျာဆရာကြီးတင်မိုး ၈ဝ ပြည့်နေ့တွင် သူနှင့်သက်ဆိုင်သော စာအုပ် ၂ အုပ် ထွက်လာသည်။
စာအုပ်အမည်များမှာ "တင်မိုး ၈ဝ၊ ကဗျာ ၈ဝ"   နှင့် "ဟိုဘက်ကမ်းက ဖန်မီးအိမ်" တို့ဖြစ်သည်။

တင်မိုး ၈ဝ၊ ကဗျာ ၈ဝ တွင် "ပြည်ပမှာ ရေးထားတဲ့ ကဗျာ အသစ်များ" အများစု ပါဝင်သည်ဟု ဆရာကြီး၏သမီးဖြစ်သူ စာရေးဆရာမ မိုးချိုသင်းက သူ၏ Facebook တွင် ရေးထားသည်။

  မိုးနဲ့ စမ်း စာအုပ်တိုက်၏ ပွဲဦးထွက် လက်ရာဖြစ်သည်ဟု ဆိုသည်။ စာအုပ်တိုက်အမည်နှင့် စပ်လျဉ်းပြီး မိုးချိုသင်းက
"မိုး နဲ့ စမ်း ဆိုတာ အဖေ စပ်ထားတဲ့ ကဗျာ ခေါင်းစဉ် တခုပေါ့။ ၉ဝ ကျော်တုန်းက စပ်ဖြစ်ခဲ့တဲ့ ကဗျာလေး တပုဒ်ပါ။
အမေ ဆုံးတော့ အမေ့ကို သတိတရ နဲ့ အိမ်ဘေးက ချောင်းကလေးကို ပမာပြုပြီး အဖေက စပ်ခဲ့တာ။ မိုးရှိရင် စမ်းကလေး ရှိမှာ အသေအချာ တဲ့။
အဲဒါကို မဂ္ဂဇင်းတိုက်ကို စာမူပို့တော့ စိစစ်ရေးက ဖြုတ်တယ်။ ဘာဖြစ်လို့လဲ ဘာလို့ ဖြုတ်တာလဲဆိုတော့ ဒါ မိုးသီးဇွန် ရှိရင် အောင်ဆန်းစုကြည် ရှိမှာပဲ လို့ ပြောချင်တာ တဲ့။  ဒါကြောင့် ပိတ်တာ ဆိုပဲ။ ပညာရှိများ လုပ်တာ ဟာသ ဖြစ်ကျန်ခဲ့တာပေါ့"
ဟု ရှင်းပြထားသည်။

ဟိုဘက်ကမ်းက ဖန်မီးအိမ် စာအုပ်ကို လမ်းသစ် စာအုပ်တိုက်က ထုတ်ဝေသည်။

၂ဝဝဝ ပြည့်နှစ် မေလက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်သော ပညာရေးဆိုင်ရာဆွေးနွေးပွဲတွင် ဆရာကြီးတင်မိုး ဟောပြော၊ ဆွေးနွေးထားချက်များကို ထိုစာအုပ်တွင်  စုစည်းထားခြင်းဖြစ်သည်။

 ပညာရေးဆိုင်ရာဆွေးနွေးချက်များအပါအ၀င် စာပေ၊ ယဉ်ကျေးမှုအထွေထွေ၊ ဆရာကြီး၏ ပညာရေးနယ်ပယ်မှ အတွေ့အကြုံများ၊ ရေးသားခဲ့သော ကဗျာများအကြောင်းလည်း ဖတ်ရှုရမည်ဖြစ်သည်။ 

  • မှတ်ချက်
မိုးမခစာမျက်နှာ http://moemaka.comတွင် ဖော်ပြထားသော သတင်းကို ခွင့်ပြုချက်တောင်းပြီး ပြန်လည် ဖော်ပြပါသည်။


 








.


Viewing all articles
Browse latest Browse all 5236

Trending Articles