Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ငွေရှိသူတွေအတွက် ရန်ကုန်အိမ်ခြံမြေဈေးကွက်

$
0
0
 ~



 

ရန်ကုန်မြို့ ရဲ့  အိမ်ခြံမြေ ဈေးကွက်မှာ ဈေးအရမ်းတက်ရခြင်းရဲ့  အကြောင်းများထဲမှ တစ်ခု ဖြစ်ပါတယ်။





 
ရန်ကုန်မြို့က  အထပ်မြင့် တိုက်ခန်းများ(ဓာတ်ပုံ – Steve Tickner)


 မြန်မာပြည်မှာ ငွေကြေးပိုလျှံသူများဟာ ငွေကြေး ရင်းနှီးမြှုပ်နှံရန် နေရာကို ရှာတဲ့အခါမှာ နိုင်ငံခြားတွေမှာလို စတော့ရှယ်ယာဈေးကွက် မရှိပါဘူး။

ကိုယ်တိုင်စဉ်းစားကြည့်နိုင်ပါတယ်။ မြို့ နေလူတန်းစား အများစုထဲမှာ ငွေပိုငွေလျှံ ရှိတဲ့အခါ လုပ်ဖြစ်တဲ့ အလုပ်က မြေဝယ်၊  အိမ်ဝယ်လုပ်ခြင်းပါ။

ဒီမှာ မြေကော၊  အိမ်ကော၊  ဝယ်ကြတဲ့ အရေအတွက်ဟာ တစ်ယောက် နှစ်ယောက် မဟုတ်တော့ဘဲ၊  တစ်လကို လူဦးရေ ထောင်ချီ၊  သောင်းချီ ဖြစ်လာတဲ့အခါ ဈေးတွေ တက်လာပါတယ်။
ဝယ်လိုအားများရင် ဈေးတက်တာ သဘာဝပါပဲ။

ဝယ်လိုများနေတဲ့ ပစ္စည်းတစ်ခုကို ဘယ်သူမဆို ဈေးတင်ကြမှာပါ။ ဝယ်သူဘက်ကလည်း တတ်နိုင်သလောက် ဈေးလိုက်ကြရင်း အိမ်၊ ခြံ၊ မြေ ဈေးဟာ မြင့်တက် သထက် မြင့်တက် လာပါတယ်။

 ဒီတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သိန်း ၁၀၀ သာတန်တဲ့တိုက်ခန်းဟာ ယနေ့မှာ သိန်း ၄၀၀ အထပ်အထိ ဖြစ်လာပြီး ၁ နှစ်ကို ၁ ဆနှုန်းတောင်တက်ပါတယ်။ ဆတိုးကိန်းကလည်း နေရာဒေသအလိုက် ကွဲပြားပါတယ်။

 မြို့ လယ်ခေါင်ဆိုရင် ၂ ဆလည်း မကပါဘူး။ ဒီတော့ ဝယ်လိုသူအားများပြားတဲ့ခေတ်ထဲမှာ သာမန်လူ တစ်ဦး ရန်ကုန်မှာ အိမ်ပိုင်နဲ့ နေထိုင်နိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲ သွားပါတယ်။

ဝန်ထမ်းလစာ စား ဖြစ်ပြီး ငွေပိုငွေလျှံ မရှိသူ တစ်ဦးဟာ ရန်ကုန်မှာ အိမ်အငှားနဲ့ပဲ နေထိုင်ပါတယ်။
ဘာလို့လဲဆို ငွေပိုငွေလျှံ ရှိသူများကို ရင်းနှီးမြှုပ်နှံဖို့အတွက် အိမ်၊ ခြံ၊ မြေအပိုတွေကို ဝယ်ယူထားခြင်းကြောင့်ပါ။

ဝယ်ချင်ရင် ရောင်းပေမယ့် ဈေးက အင်မတန် များတာမို့ အငှားစားတဲ့ စနစ်နဲ့ပဲ စီးပွားရေး လုပ်ပါတယ်။

ဒါကြောင့် အခြား ပိုကောင်းတဲ့ ရင်းနှီးမြှုပ်နှံစရာ နေရာ တစ်ခုကို အစိုးရအနေနဲ့ မဖန်တီးပေးနိုင်သေးသရွေ့  ရန်ကုန်ရယ်လို့မဟုတ် ဘယ်နေရာဒေသကအိမ်၊ ခြံ၊ မြေများရဲ့  ဈေးနှုန်းဟာ တစ်ရက်ပြီးတစ်ရက် ဈေးနှုန်း မြင့်တက်နေအုံးမှာ ဖြစ်ပါတယ်။ ။



www.house.com.mm
www.facebook.com/house.com.mm
တို့မှာ ဖော်ပြထားတဲ့
ရင်းနှီးမြှုပ်နှံသူများကြောင့် တက်နေသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက် ဆောင်းပါးကို ခွင့်ပြုချက်နဲ့ ကူးယူ ဖော်ပြပါတယ်။

 

 
ဆက်စပ် -
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်နေတဲ့ မြန်မာ့ အိမ်၊ ခြံ၊ မြေဈေး 
http://blog.irrawaddy.org/2013/07/blog-post_870.html


.

Viewing all articles
Browse latest Browse all 5236

Trending Articles