Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အရောင်းသွက် လူ့အခွင့်အရေး

$
0
0
 ~



လူ့အခွင့်အရေးအကြောင်းက ပျင်းစရာကောင်းတဲ့ ဘာသာရပ်ပါ။ သို့သော်လည်း မြန်မာပြည်ထုတ် ပထမဆုံး လူ့အခွင့်အရေးဂျာနယ်ကတော့ အရောင်းသွက်နေပါတယ်။


ဒီလထုတ် နဲ့ လာမယ့်လထုတ် ဂျာနယ်တွေနဲ့အတူ တွေ့ရတဲ့ အယ်ဒီတာအဖွဲ့ဝင် ထူးကျော်ဝင်း (Photo: Steve Tickner / The Irrawaddy)


ထောင့်ငါးရာ (တဒေါ်လာခွဲ)နဲ့ ရောင်းတဲ့ ဒီဂျာနယ်က အုပ်ရေ တထောင် ထုတ်တယ်။ ဒီလထုတ်ဆိုရင် အုပ်ရေ နှစ်ထောင်ဆိုပဲ။
ဒီတော့ ဒီလို စာအုပ်အမျိုးအစားက မြန်မာပြည်စာအုပ်ဈေးကွက်မှာ အရောင်းသွက်တယ်လို့ ဆိုနိုင်ပြီပေါ့။
သို့မဟုတ် ... မျှော်မှန်းထားတဲ့ အရေအတွက်ထက် ပိုရောင်းရတယ် ဆိုပါတော့။

ဘာတွေ ပါသလဲ ဒီ ဂျာနယ်မှာ??

လူ့အခွင့်အရေးဆိုင်ရာအကြောင်းစုံကို ဆောင်းပါးအထွေထွေရေးသားဖော်ပြထားတာ တွေ့ရပါလိမ့်မယ်။

ဒီစာအုပ်နဲ့ ပတ်သက်ပြီး  ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ Burma’s First Human Rights Magazine Sees Healthy Saleshttp://www.irrawaddy.org/archives/44533
ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားပါတယ်။ မေလမှာ ဒီဂျာနယ် ထွက်လာတာပါ။
ဂျာနယ်ထုတ်ဝေသူ ဦးဇော်ဦးက ... သူ့လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ ဒီဂျာနယ် ထုတ်ဖို့ကြိုးပမ်းတာ တနှစ်ခွဲကြာပါပြီ - လူ့အခွင့်အရေးဆိုတာ လူတိုင်း သိထားသင့်တဲ့ အခြေခံအကြောင်းအရာတွေ ဖြစ်တာကြောင့် ထုတ်ခဲ့တာပါလို့

လို့ ဧရာဝတီကို ပြောပါတယ်။
အခက်အခဲကတော့ စာစောင် ထွက်မလာခင်ကတည်းက ရင်ဆိုင်ရတာပါ တဲ့။ အစိုးရက ဒီဂျာနယ်အမည်ကို မကြိုက်ဘူးလို့ သူက ရှင်းပြပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က စာအုပ်ဆိုင်ကြီးများမှာ ၀ယ်နိုင်ပါတယ် တဲ့။

ဒီလထုတ် အတွဲ ၁၊ အမှတ် ၃ (ဂျာနယ်ရဲ့တတိယမြောက်ခြေလှမ်း) မှာ ထည့်သွင်းထားတဲ့ ဆောင်းပါးများထဲမှာ

မြန်မာပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ချက်တွေ ပါဝင်သလို "ကျူးလွန်ချိုးဖောက်ခြင်း၊ လိင်သဘာဝပြောင်းလဲခြင်းနှင့် မြန်မာနတ်ကတော်များအကြောင်း"ဆိုတဲ့ ဆောင်းပါးလည်း ပါဝင်ပါတယ်။

ဂျာနယ်အမည် အပြည့်အစုံကတော့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဂျာနယ် ဖြစ်ပါတယ်။

ညွှန်း -

Burma’s First Human Rights Magazine Sees Healthy Sales
http://www.irrawaddy.org/archives/44533

 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles