Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဘလော်ဂါ ဦးရဲထွဋ်

$
0
0
 ~

 


 ဒုတိယ ဗိုလ်မှူးကြီး အဆင့်ထိ တပ်မတော်ထဲမှာနေခဲ့တဲ့ ဦးရဲထွဋ်က

- သမ္မတရဲ့ ပြောခွင့်ရအရာရှိ
- ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး
-
Facebook   ဒုဝန်ကြီး (Facebook သုံးပြီး အသံထုတ်ဖော်တဲ့ တဦးတည်းသော ဗဟိုအစိုးရအဆင့် ဒုဝန်ကြီး)
စသဖြင့် စသဖြင့် ရာထူးအဆင့်၊ သတ်မှတ်ချက်တွေ ရှိပါလိမ့်မယ်။
အခုတော့ သူ့မှာ နောက်တခု တိုးလာပါပြီ။




အဲဒါကတော့ ခေါင်းစည်း တပ်ထားသလိုပါပဲ ... ဘလော်ဂါ ဦးရဲထွဋ် ဖြစ်ပါတယ်။

သူ့ရဲ့ဘလော့  uyehtut.blogspot.comမှာ သူ့ရဲ့လက်ရာများကို သွားရောက် မြည်းစမ်း ဖတ်ရှုလေ့လာနိုင်ပါတယ်။

လောလောဆယ် ဖတ်နိုင်တဲ့ ဆောင်းပါး၊ ရေးသားချက် အရေအတွက်ကတော့
စစ်ရေး (2)
စာနယ်ဇင်း (25)
ရသ (11)
နိုင်ငံရေး (4) ဖြစ်ပါတယ်။

ရေးခဲ့သမျှကို ဒီဘလော့မှာ ဆက်လက် ဖော်ပြမယ်လို့လည်း ရေးထားတာ ဖတ်ရမှာပါ။ ဒါ့အပြင် ...

"ကျွန်တော့် ဆောင်းပါးများကို အသုံးပြုလိုပါက yehtut.moi.myanmar@gmail.comသို့ ဆက်သွယ် ခွင့်ပြုချက် ရယူပါရန် မေတ္တာ ရပ်ခံအပ်ပါသည်" လို့ သူ့ဘလော့မှာ ရေးထားပါသေးတယ်။
 

 အစိုးရအဝန်းအဝိုင်းထဲမှာ တဦးတည်းသော
ဘလော်ဂါက  ဦးရဲထွဋ် ဖြစ်ပါလိမ့်မယ်။

တင်ထားတဲ့ ရက်စွဲများအရ ဆိုရင် ... ဒီဘလော့ကို တည်ဆောက်နေတာ ၃ လ ရှိသွားပါပြီ။

Facebookမှာ ရေးနေတာတွေကိုလည်း ဘလော့မှာ တင်ပါမယ် တဲ့။
ဘလော့မှာတင်မယ်ဆိုတဲ့အတွက် သူ့အတွေးအရေးများကို ပြန်လည် လေ့လာလိုသူတွေအတွက် အကျိုးရှိပါလိမ့်မယ်။ သိတဲ့အတိုင်း
Facebookမှာက ရေးထားသမျှက ဟိုရောက်ဒီရောက်ဖြစ်နေ၊ ရှာရခက်နေလို့ပါ။ ဘလော့မှာတော့ ကဏ္ဍခွဲ label ခွဲထားတဲ့အတွက် ရှာရ ပိုအဆင်ပြေပါမယ်။
ကဲ ...
စိတ်ဝင်စားသူများအတွက် ရဲထွဋ်ရေးခဲ့သမျှလို့ အမည်ပေးထားတဲ့ ဒီဘလော့ကို  ညွှန်းပေးလိုက်ပါတယ်။


.

Viewing all articles
Browse latest Browse all 5236

Trending Articles