Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စာမေးပွဲမှာ စာခိုးချလို့ မရစေတဲ့ ခေါင်းစွပ် ၀တ်စုံ

$
0
0
စာမေးပွဲမှာ ကျောင်းသားတွေ တယောက်နဲ့ တယောက် မျက်စပစ်ပြတာ၊ အဖြေမျှဝေတာ၊ ခိုးချတာတွေ မဖြစ်ပေါ်အောင် ထိုင်းနိုင်ငံ တက္ကသိုလ်တခုက နောက်ဆုံးပေါ် နည်းပညာတခုကို တီထွင်လိုက်တာလား 
မေးခွန်း ထုတ်စရာပါ။

 စာခိုးချလို့ မရအောင် မျက်ကာ ခေါင်းစွပ် ၀တ်ဆင်ထားကြသောထိုင်းကျောင်းသူ၊ ကျောင်းသားများ၊ 
ဓာတ်ပုံ- Bangkok Coconuts. co

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Kasetsart University က နှစ်လည်စာမေးပွဲ စစ်ဆေးရာမှာ ကျောင်းသား
တွေ ကို မျက် စေ့၊ နားတွေ ကာ ထားတဲ့ မြင်းတွေကို မျက်လုံးအုပ်တဲ့ မျက်ကာတွေလိုမျိုး စက္ကူနဲ့ လုပ်ထား တဲ့ မျက်ကာတွေ ၀တ်ဆင်ဖို့ ဖန်တီး လိုက်တာ ထင်ပါတယ် ။

ဒါမှမဟုတ် စာမေးပွဲ ဖြေဆိုသူတွေ ပတ်ဝန်းကျင် အနှောက်အယှက်မဖြစ်အောင် ကာရံထားလိုက်တာ လား၊ သေချာတာက စာခိုးချမှာ စိုးရိမ်တာနေမှာပါ။

Kasetsart University တက္ကသိုလ်က ကျောင်းသားတွေကို ပုံပါအတိုင်း မျက်ကာ စက္ကူခေါင်းစွပ် ၀တ်ဆင်
စေပြီး စာမေးပွဲ စစ်ခဲ့တာကို ကျောင်းသားဟောင်း တဦးက အင်တာနက်ပေါ် တင်ခဲ့ပြီး ချက်ချင်း ဆိုသလို အင်တာနက် လူမှု ကွန်ယက် စာမျက်နှာတွေပေါ်မှာ လူအများ သိခွင့် ရသွားခဲ့တာပါ။ 

ဒါပေမယ့် ခဏတာလေးအတွင်း အဲဒီဓာတ်ပုံကို ဖြုတ်ချ သွားခဲ့ပေမယ့် တချို့ စာဖတ်သူ တွေက ဓာတ်ပုံကို ဆွဲချ ကူးယူ ထားလိုက်ပါတယ်။ 

ဒါနဲ့ပဲ အဲဒီတက္ကသိုလ်မှာ ကျောင်းသားတွေကို စာမေးပွဲစစ်ဆေးရာမှာ စာခိုးမချအောင် ဘယ်အချိန် ကတည်းက ဒီလို မျက်ကာ တွေ ၀တ်ဆင်ခိုင်းသလဲ၊ အတန်းတိုင်းမှာ ဒီလိုပဲ စာမေးပွဲ စစ်နေတာလား ဆိုတာ စုံစမ်းနေကြတယ်လို့ Coconuts Bangkok အွန်လိုင်း သတင်း တပုဒ်က စိတ်ဝင်စားစရာ ဆိုထား ပါတယ်။

စာတတ်ရေးထက် စာမေးပွဲ အောင်ရေး အဓိက ထားတဲ့ ပညာရေး စနစ်ဖြစ်နေတဲ့ မြန်မာပြည်က တက္ကသိုလ်တွေမှာရော အခု ထိုင်းတက္ကသိုလ်က ကျောင်းသားတွေ စာမေးပွဲစစ်တိုင်း မျက်ကာ 
ခေါင်းစွပ်တွေ ၀တ်ရသလို လုပ်ဖို့ လိုနေလား ဆိုတာ တွေးစရာ ရှိပါတယ်။ 

ဒါမှ မဟုတ် မရိုးသေးတဲ့ ပေတံ၊ မီနီ စာအုပ်၊ ပေါင်မှာ စာရေးတဲ့ စနစ်တွေ သုံးပြီး စာခိုးချသူတွေ အသုံး 
ပြုနေ ဆဲလားဆို တာ ၁၀ တန်း စာမေးပွဲကြီးတွေ တိုင်း စာစစ်ဌာနကျောင်းတွေရဲ့ အိမ်သာခန်းတွေနဲ့ လမ်းမတချို့မှာ သက်သေထူနေပါ လိမ့်မယ်။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။