Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လာပြီ လာပြီ .... လူပျံတော်

$
0
0

-

လေထဲ ပျံသန်းနိုင်မယ့်  ကျောပိုးယာဉ်ပျံလိုလို ယန္တယားငယ်တခုကို နယူးဇီလန်မှာ ထွင်ထားတယ်၊ အခုတော့ စမ်းသပ်မောင်းနှင်ခွင့် ပြုတော့မယ် ဆိုတဲ့ သတင်း ထွက်လာပါပြီ။


နိုင်ငံတကာသတင်းတွေထဲမှာတော့ အဲဒီယာဉ်ကို  jetpack  လို့ ဖော်ပြထားကြတာ တွေ့ရမှာပါ။

၂၀၀၈ ခုနှစ်က စမ်းသပ်မောင်းနှင်ခဲ့ရမှာတော့ မြေပြင်ကနေ ၃ ပေ အမြင့်အထိ ပျံသန်းနိုင်တာကို ပြင်ပကို ထုတ်ပြန်တဲ့ ရုပ်သံထဲ တွေ့ရပါတယ် တဲ့။

အခုနောက်ဆုံး စမ်းသပ်ပျံသန်းပြမယ့်ဟာကတော့ တမိုင် အမြင့် အထိ ပျံနိုင်မယ်၊ တနာရီ ၄၆ မိုင်နှုန်း ပျံပါလိမ့်မယ် ဆိုပဲ။


ပျံသန်းရတဲ့အရသာအကြောင်း စမ်းသပ်မောင်းနှင်ဖူးတဲ့ ပိုင်းလော့ James Bowker ကို  မေးမြန်းတဲ့အခါ  "လန့်လည်းလန့်၊ လန်းလည်းလန်း ဆိုပါတော့။ တကယ် မောင်းကြည့်ပြီ ဆိုရင် မြေကြီးပေါ်ကနေ ပျံတက်သွားပါလိမ့်မယ်" လို့  ပြောဆိုကြောင်းနယူးဇီလန်က လာတဲ့ သတင်းတပုဒ်မှာ ရေးပါတယ်။

ကာကွယ်ရေးဆိုင်ရာအတွက် ၀ယ်ယူအသုံးပြုမယ့်သူတွေကို ဒီရဲ့ အပျံယာဉ် ရောင်းပါလိမ့်မယ် တဲ့။

ဆိုင်ကယ်ပျံလိုလို၊ လူပျံတော်လိုလို ဖြစ်လာမယ့် ဒီ စီးတော်ယာဉ်ပျံအကြောင်း ထူးခြားချက် ထပ်တွေ့ရင် ဒီ ဧရာဝတီ ဘလော့မှာ ထပ်ပြီး ရေးပါအုံးမယ်။

ဒီရဲ့ ယန္တယားကို ထွင်နေတာတော့ အနှစ် ၃၀ ကြာသွားပါပြီ လို့ ဆိုတယ်။ အခုတော့ တော်တော်လေး ဖြစ်ထွန်းနေပြီ ဆိုပေမယ့် ဆက်လက် တီထွင် ပြုပြင် ဆန်းသစ်သွားမှာပါလို့လည်း ဆိုထားပါတယ်။

ရောင်းဈေးက ဒေါ်လာ တသိန်းခွဲ ဝန်းကျင် ဖြစ်လိမ့်မယ်၊ လာမယ့်နှစ်ထဲမှာတော့ စတင် ရောင်းချနိုင်ဖွယ်ရှိပါတယ်လို့ သတင်းမှာ ရေးထားတာပါ။

ဆက်ပြီး ထွင်အုံးမယ်၊ ဆန်းသစ်အုံးမယ် ဆိုတော့ ... ဒီယာဉ်ပျံက လူပျံတော်ဖြစ်လာနိုင်ပါတယ်။

 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ယူကေစစ်သံမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးနှင့်တွေ့ဆုံ၊


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


သွေးအုပ်စုများ ဖခင်စစ်-မစစ် အငြင်းမပွါး