Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကင်တာနာ အင်းစိန်ထောင်သွား၊ အကျဉ်းသား ၆ ဦးနဲ့ သီးခြားတွေ့

$
0
0
မြန်မာနိုင်ငံကို ၇ ကြိမ်မြောက် ၁၀ ရက်တာ ခရီးစဉ် အဖြစ်ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင် ရာ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနာဟာ ယမန်နေ့ သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ကျော်လောက်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အင်းစိန် အကျဉ်းထောင်ကို သွားရောက်ခဲ့ပါတယ်။ 

 မစ္စတာ ကင်တာနာနဲ့ အင်းစိန်ထောင်မှာ အကျဉ်းဦးစီး အရာရှိတွေနဲ့ တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ- ကြေးမုံ

မစ္စတာ ကင်တာနာဟာ အင်းစိန် အကျဉ်းထောင်မှာ ရန်ကုန်တိုင်း ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ အင်းစိန် အကျဉ်းထောင် ထောင်ပိုင် ဦးကျော်ဌေးတို့နဲ့ တွေ့ပြီး သူ သိလိုတာတွေ 
မေးမြန်း ခဲ့တယ်လို့ ယနေ့ သြဂုတ်လ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါ တယ်။ 

ပြီးတော့ ကင်တာနာဟာ အကျဉ်းသား တချို့ဖြစ်တဲ့ ကဲအိ (ခ) သန့်စင်အောင်၊ ဇော်မင်းသန်း (ခ) 
ကျော်စိုး၊ စောတင်ဝင်း (ခ) စောပါးလေး၊ မင်းမင်းထွန်း၊ ထောင်ဆွမ်မုန် (ခ) မွန်ပီး၊ လေဟောင် (ခ) ရန်နိုင် ဆိုတဲ့ အကျဉ်းသား ၆ ဦးနဲ့ သီးခြား တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး အင်းစိန် အကျဉ်းထောင်ထဲ လှည့်လည် ကြည့်ရှု ခဲ့ပါတယ်။ 

သြဂုတ်လ ၁၄ ရက်နေ့ကတော့ ကင်တာနာဟာ ကချင်ပြည်နယ် မြစ်ကြီးနားကို ရောက်ခဲ့ပြီး ကချင်ပြည် နယ်တွင်းက နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည်တွေအရေး သေချာ လေ့လာဖို့ KIA ဌာန ချုပ် လိုင်ဇာကိုတော့ သွား ရောက်ခွင့် မရခဲ့ပါဘူး။ 

မြစ်ကြီးနားမြို့မှာပဲ ဒေသခံတချို့အပါအ၀င် ကချင် ငြိမ်းချမ်းရေး အတွက် အလုပ်အဖွဲ့နဲ့သာ တွေ့ ခွင့်ရခဲ့ တာပါ။ 

KIA ဘက်က လိုင်ဇာကို ကင်တာနာ လာမယ်ဆိုရင် ခွင့်ပြုခဲ့ပေမယ့် ကချင်ပြည်နယ် အစိုးရက နေပြည်
တော် အစိုးရရဲ့ ခွင့်ပြုချက် မရခဲ့တာကြောင့် ကင်တာနာကို လိုင်ဇာသွားခွင့် မပြုခဲ့ပါဘူး။ 

သြဂုတ်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ပြီး နောက်တရက်မှာတော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားရာ ရခိုင် ပြည်နယ်ကို သွားရောက်ခဲ့ပါသေးတယ်။ 

ရခိုင်ပြည်နယ်မှာတော့ ကင်တာနား ထွက်သွား ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင် ဆောင်ကာ ဆန္ဒပြ ကန့်ကွက်မှု တချို့ ရှိခဲ့ပါတယ်။ 

“အစီရင်ခံစာက တဘက်စောင်းနင်းဖြစ်နေတယ်လေ။ ၂ ဘက်ကို မျှမျှတတဖြစ်စေချင်လို့ ကန့်ကွက်ဆန္ဒပြ ရတာ ဖြစ်တယ်”ဟု စစ်တွေမြို့က ဒေါ်ညိုအေးက ဧရာဝတီကို ပြောပါတယ်။ 

ဒေါ်ညိုအေးဟာ ကင်တာနားအား စစ်တွေမြို့တွင် ကန့်ကွက်ဆန္ဒပြမှုကို ဦးဆောင်သူ ရခိုင်ပြည်နယ်ရှိ အမျိုးသမီး ကွန် ယက်မှ ဦးဆောင်သူလည်းဖြစ်ပြီး ကင်တာနာရဲ့ အစီရင်ခံစာမှာ ဘင်္ဂါလီကို ရိုဟင်ဂျာ ဆိုပြီး သုံးနှုန်း ထားထားကိုလည်း သဘောမကျလို့ ဆန္ဒပြခြင်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ စစ်တွေ ဒုက္ခသည် စခန်းမှာ ဘင်္ဂါလီများနှင့် ရဲ တပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ရ တာကိုလည်း သူ က ဒီလို ပြောပြထားပါတယ်။ 

“သူ လာမယ်လို့ သတင်းကြားတိုင်း ကြားတိုင်း စစ်တွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ဘင်္ဂလီတွေ က တော်တော် သောင်းကျန်းတယ်။ အာဏာပိုင်တွေသွားတာတွေမှာလည်း သူတို့ အနှောက်အယှက်ပေး တယ်”ဟု သူက ပြောပါတယ်။ 

ရခိုင်ခရီးစဉ်အတွင်း မစ္စတာ ကင်တာနာကို ကန့်ကွက်ဆန္ဒပြတဲ့ ဆိုင်းဘုတ်တွေမှာ ရေးသားထားချက်တွေ က ပြင်းထန်တဲ့ စကားလုံးများ သုံးနှုန်းထားတာဟာ ကုလသမဂ္ဂကနေ ကင်တာနာကို တာဝန် ပြန်ရုပ်သိမ်း သင့်တယ်ဆိုတာ သိစေချင်လို့ဖြစ်တယ်လို့ ဒေါ်ညိုအေးက ဆက်ပြောပါတယ်။ 

“ပွင့်ပွင့် လင်းလင်းပြောရမယ်ဆိုရင် ဒီလို ဘက်လိုက်မှု ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ကမ္ဘာ့ကုလသမဂ္ဂကြီးမှာ မထားသင့်ဘူး လို့ ကျမတို့က ယုံကြည်တယ်”ဟု သူ က ဆိုတယ်။ 

မစ္စတာ ကန်တာနာကတော့ အခုလို သူ့ကို ဆန္ဒပြတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လွပ်လပ်စွာ ဆန္ဒပြခွင့် ရှိတာ ကောင်း မွန်တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ရခိုင်ပြည်နယ် ပဋိပက္ခမတိုင်ခင်က မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ စစ်ပြေး ဒုက္ခသည်
တွေ ကိစ္စနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေမှာ ကင်တာနာရဲ့ လုပ်ဆောင်ကြိုးပမ်းချက်
တွေနဲ့ ပတ်သက်ပြီး ဧရာဝတီ က မေးမြန်းရာမှာတော့ ဒေါ်ညိုအေးက တချိန်က သူ့ရဲ့ ကြိုးစားပေးခဲ့တာ
တွေ အပေါ် ကျေးဇူးတင်ပေမယ့် အခု လက်ရှိ ရခိုင်ပြည်နယ်က ကိစ္စကတော့ သီးခြားစီဖြစ်တယ်လို့ ပြော ပါတယ်။ 


လင်းသန့် ~

Viewing all articles
Browse latest Browse all 5236

Trending Articles