Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

"ဘာကို ဒေါသထွက်ရမယ်"

$
0
0

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ မငြိမ်းချမ်းမှုတွေ၊ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်တဲ့ပဋိပက္ခတွေ ကို ဖြေရှင်းရာမှာ အထောက်ကူပြုနိုင်ဖွယ်ရှိတဲ့ စာအုပ်နှစ်အုပ် ရှိနေပါတယ်။
 “ငြိမ်းချမ်းခြင်းဆီခြေလှမ်းများ” နဲ့ “ငြိမ်းချမ်းခြင်းဆီ အဆိုစကားများ” ဖြစ်ပါတယ်။ စာရေးဆရာမောင်မြင့် ဇော်ရေးသားထားတာပါ။ 

    ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့တွေနဲ့  လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်ပဲ ဖြစ်ဖြစ်၊ အရပ်သားပြည်သူတွေအတွက်ပဲ ဖြစ်ဖြစ်   အထောက်အကူပြုနိုင်မယ့် အချက်တွေထဲက တချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါတယ်…

Authority Bias


သြဇာအာဏာရှိသူရဲ့ညွှန်ကြားချက်ကို ဝေဖန်ပိုင်းခြားခြင်း မရှိ နာခံတက်တဲ့ ဓလေ့ကို စွန့်ခွာကြပါစို့ -
သြဇာအာဏာရှိသူရဲ့စကားဆိုရင် ဘာမှ မေးခွန်းထုတ်မနေတော့ဘဲ အလွယ်တကူ လက်ခံတတ်တဲ့ ဓလေ့ဟာ ပညာရေးနိမ့်ကျတဲ့နိုင်ငံတွေမှာ သိသာ ထင်ရှားလေ့ရှိပါတယ်။

 သြဇာအာရှိသူဆိုရာမှာ နိုင်ငံရေးခေါင်း ဆောင်တွေသာမက ဘာသာရေး နဲ့ အခြား လူသိများ ထင်ရှားတဲ့ ခေါင်းဆောင်တွေအားလုံးကို ဆိုလိုပါတယ်။

 သူတို့ရဲ့ ဖြတ်သန်းမှုနဲ့ တတ်ကျွမ်းမှုတွေကို ကျွန်တော်တို့ အားလုံးက အလေးအမြတ်ပြုကြရပါတယ်။  ဒါပေမယ့် ခေါင်းဆောင်တွေလည်း လွဲမှားတက်တာပဲ ဆိုတာကို ကျွန်တော်တို့သတိပြုရပါမယ်။

    ပါမောက္ခတစ်ယောက်ရဲ့ စမ်းသပ်ချက်မှာ လူတစ်ယောက်ကို ခန်းဆီး နောက်မှာ ဓာတ်ကြိုးနဲ့ချိတ်ထားပြီး  (ဟန်ဆောင်ခိုင်းတာပါ၊ တကယ်ချိတ်ထားတာမဟုတ်ပါ) သူ့ကျောင်းသားတွေကို ၁၅ဗို့ကနေ ဗို့ ၃၀၊ ဗို့ ၄၀ စသည်ဖြင့် တဖြည်းဖြည်းဗို့အားမြှင့်ခိုင်းပါတယ်။

စမ်းသပ်ချက်က ကျောင်းသားအများစုဟာ ဆရာခိုင်းလို့လုပ်တာပဲလေ ဆိုတဲ့ကကြောင်းပြချက်နဲ့ လူကိုသေစေလောက်တဲ့ ဗို့အားအထိကို တင်ကြပါတယ်။
ဆရာ့အမိန့်ကို နာခံတဲ့ စိတ်ကြောင့် ခန်းဆီးနောက်က လူတစ်ယောက်ရဲ့ အသက်ဆိုတာကို မေ့သွားပါတော့တယ်။

မစဉ်းစားဘဲ ကိုယ်ရဲ့ တာဝန်ရှိမှုကို
ခေါင်းဆောင်ဆီ ထိုးပေးလိုက်ရတာလွယ်ကူတာကြောင့် လွဲချော်နေတဲ့ခေါင်းဆောင်တွေနောက်ကနေ ဆိုးယုတ်တဲ့လုပ်ရပ်တွေ ပေါ်ပေါက်လာရတာပါ။

    ကိုယ့်ရဲ့ အကျင့်သီလနဲ့ ကိုယ်ပြုတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ အတွက် ကိုယ့်မှာပဲ တာဝန်ရှိတယ် ဆိုတာကို သတိရှိကြပါစို့။

Program by Media   

မီဒီယာရဲ့စေကြားချက်နဲ့ နေသူတွေ မဖြစ်ဖို့ ကြိုးစားကြပါစို့-

    နေ့စဉ်နဲ့အမျှပါပဲ ကျွန်တော်တို့ ဘယ်လိုနေရမယ်၊ ဘယ်လိုတွေးရမယ်၊  ဘာကို ဒေါသထွက်ရမယ်၊  ဘာကိုပျော်ရမယ် ဆိုတာမျိုးတွေက အသီးသီးသော မီဒီယာတွေကနေ ပေါ်ထွက်နေပါတာပါ။

    လူအများစုဟာ မီဒီယာရဲ့ ပုံသွင်းခြင်းကို ခံနေရတယ် (Most people have allowed the media to program) ဆိုတဲ့အဆိုရှိပါတယ်။
ဘယ်လိုဘ၀မှ လူဖြစ်ကျိုးနပ်တယ်၊ ဘယ်သူကမိတ်ဆွေ၊ ဘယ်သူကရန်သူ ဆိုတာမျိုး မီဒီယာက ပြဋ္ဌာန်းပါတယ်။
မီဒီယာရဲ့လွှမ်းမိုးမှုကြီးမားလာလေ မီဒီယာရဲ့ သဘော သဘာဝကို သိမြင် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိဖို့ လိုအပ်လာလေပါပဲ။

    မီဒီယာအမျိုးမျိုးကနေ သတင်းအချက်အလက်တွေရတာနဲ့အမျှ မီဒီယာတွေနဲ့ အထိအစပ်ရှိနေရင် ကိုယ်ကတော့ အားလုံးကို သိနေပြီးသား ဆိုတဲ့  ထင်ယောင်ထင်မှားဖြစ်မှု ပိုများလာတတ်ပါတယ်။
ဒါကြောင့် အမှန်တကယ် စေ့ငုမိသူဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် လေ့လာတာ၊ စဉ်းစား ဆွေးနွေးတာတွေ လိုပါတယ်။ 
မီဒီယာရဲ့ တဖက်ဖက်ကို ဘက်လိုက်ဖော်ပြတတ်မှု (Media Bias) ကိုလည်း သတိရှိရပါမယ်။

( ငြိမ်းချမ်းခြင်းဆီခြေလှမ်းများ စာအုပ်ကနေ ကောက်နုတ်ဖော်ပြတာပါ)

 ငြိမ်းချမ်းခြင်းဆီ အဆိုစကားများ စာအုပ်ကတော့ ထင်ရှားကျော်ကြားသူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ အဆိုအမိန့်တွေကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာနဲ့ စုစည်းထားတာဖြစ်ပါတယ်။

“လူတွေကို အဓိပ္ပာယ်မရှိတာတွေ
ယုံကြည်အောင်လုပ်နိုင်ရင်
ရက်စက်ကြမ်းကြုပ်မှုတွေ
ကျူးလွန်လာအောင် ခင်ဗျားစီစဉ်လို့ရပြီ”

- Voltaire (1694-1778)
French  Enlightenment philosopher

“ဆိုးယုတ်မှုကြီးစိုးမင်းမူဖို့
လိုသမျှက
လူကောင်းတွေ
နှုတ်ဆိတ်နေဖို့ပါ”

- Daniel Webster (1782-1852)
American politician

ဒီတခေါက် စာအုပ်မိတ်ဆက်ကတော့ ဒီမျှသာ ....

ရွက်စိမ်း ~







.


Viewing all articles
Browse latest Browse all 5236

Trending Articles