Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

Chevrolet ကားသစ်တွေ စီးကြမယ်

$
0
0
Chevrolet ကားတွေ မြန်မာပြည်တွင်း တင်သွင်း ရောင်းချရန် စီစဉ်နေပါပြီ။ တကယ်တော့ Chevrolet ကားတွေက မြန်မာပြည်နဲ့ မစိမ်းပါဘူး။ 


မြန်မာတွေက ချက်ပလက် လို့ ခေါ်ကြတဲ့ ကားပါ။ ရန်ကုန်နဲ့ တချို့မြို့ကြီးတွေမှာ ချက်ပလက် ကားအိုကြီး
တွေ ကို အခုထိ မြင်တွေ့နိုင်ပါသေးတယ်။ 

အခုတော့ ချက်ပလက် ကား အသစ်တွေ ၀င်ရောက်လာပါတော့မယ်။
ဒီကနေ့ ကြေးမုံသတင်းစာမှာ General Motors (GM) မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီက မြန်မာ့
ဈေးကွက်မှာ Chevrolet ကားတွေ ဖြန့်ချိရောင်းချဖို့နဲ့ ၀န်ဆောင်မှုပေးဖို့ ပြည်တွင်းက Pacific Alpine Pte, Ltd နှင့် သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်တယ်လို့ ဖော်ပြလာပါတယ်။ 

GM ကုမ္ပဏီက  Chevrolet, Buick, GMC, Cadillac, Baojun, Holden, Isuzu Jie Fang, Opel, Vauxhall and Wuling ကားမျိုးတွေ ထုတ်လုပ် ရောင်းချနေပြီး Chevrolet အမျိုးအစားကတော့ အရှေ့
တောင်အာရှနိုင်ငံတွေဆီကို ၂၀၁၂ ခုနှစ်မှာ အစီးရေ ၈၈၄၀၀ ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ရဲ့ ၂. ၇ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ 

Chevrolet  ကားမှာပဲ Enjoy, Camaro, Cruze, Spark , Sail, Aveo , Spin , Captiva, Impala, Sonic  ဆိုပြီး အမျိုးအစားတွေ မျိုးစုံရှိပါတယ်။ မြန်မာပြည်က ကားချစ်သူတွေ ဘယ်လို အမျိုးအစား အ၀ယ် လိုက်မလဲ ဆိုတော စောင့်ကြည့်ရမှာပါ။

ယခုနှစ် ပထမ ၆ လအတွင်း ၄၁၈၆၆ စီး ရောင်းချနိုင်ခဲ့တာကြောင့် နှစ်စဉ် ၅ ရာခိုင်နှုန်း တိုးတက်နေ တာပါ။ 

အဲဒီ ကုမ္ပဏီကို ၁၉၁၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့မှာ စတင် တည်ထောင် ခဲ့ပြီး နိုင်ငံ
ပေါင်း ၁၄၀ ဆီကို နှစ်စဉ် ကားအစီးပေါင်း ၄ ဒသမ ၅ သန်းကျော် ထုတ်လုပ်ရောင်းချပေးနေတဲ့ ကမ္ဘာ့ အကြီးဆုံး ကား ကုမ္ပဏီ တခုဖြစ်ပါတယ်။ 

သိပ်မကြာသေးခင်တုန်းက အမေရိကန် Ford ကား ဆိုင်ပြခန်းကိုလည်း မြန်မာနိုင်ငံမှာ ဖွင့်လှစ် ခဲ့ပြီးဖြစ် ပါတယ်။ 

မြန်မာနိုင်ငံတွင်းက ကားချစ်သူတွေ အခုဆို အနောက်နိုင်ငံက ကားကောင်းတွေ တ၀ ကြီး စီးလို့ ရကြပါ
တော့မယ်။ 

ပြုပြင်ပြောင်းလဲရေး ရေစီးနဲ့အတူ ကားကောင်းတွေ စီးကြရမယ့် မြန်မာပြည်ဖြစ်လာနေပါပြီ။ 



အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles