Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရခိုင်ပြည်နယ်အတွက် သြစီက ကန်ဒေါ်လာ ၃ သန်းကျော် ထပ်ကူညီမယ်

$
0
0
သြစတြေးလျအစိုးရက မတည်ငြိမ်မှုတွေဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အိုးအိပ်ပျက်စီး ပြီး နေစရာ မရှိသူ တွေ အတွက် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီအဖြစ် နောက်ထပ် အမေရိကန် ဒေါ်လာ ၃.၂ သန်း ပေးမယ်လို့ သြစတြေးလျအစိုးရက ကြေညာလိုက်ပါတယ်။ 

 သြစီ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ်ကားနဲ့ ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့ကတွေ့ဆုံစဉ်၊ ဓာတ်ပုံ- NLD

တချိန်တည်းမှာပဲ သြစီ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ်ကားဟာလည်း မြန်မာနိုင်ငံကို ရောက်နေပြီး ယမန်နေ့ က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့
လည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၉၂ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၁ သိန်း ၄ သောင်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရတာပါ။ 

မစ္စတာ ကားက သြစတြေးလျက ရခိုင်ပြည်နယ်အတွက် ကူညီတာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၉ သန်း ထိ  ရှိပြီလို့ ပြောပါတာကို သြစီ အေဘီစီ သတင်းက ဖော်ပြထားပါတယ်။

“ကျနော်တို့ရဲ့ အကူအညီတွေက နောက်ထပ် အမိုးအကာနေစရာ အတွက် နောက်ထပ် ၉၀၀၀ စာ အတွက် ဖြစ်မှာပါ” လို့ သူက ပြောပါတယ်။ 

သြစီကတော့ ရခိုင်ပြည်နယ်အတွင်းက လိုအပ်မှုတွေအတွက် အကူအညီပေးမှုအပါအ၀င် နှစ်ပေါင်း ၃၀ အတွင်း မြန်မာအတွက် အကြီးဆုံး အလှူရှင် နိုင်ငံစာရင်းဝင်လည်း ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles