Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မော်လမြိုင်ကို NOK AIR လာမယ့်ရက် ကြေညာပြီ

$
0
0



 ထိုင်းလေကြောင်းလိုင်းတခုဖြစ်သည့် NOK AIR က မဲဆောက်-မော်လမြိုင်ခရီးစဉ် အစပြုမည့်ရက်ကို တရားဝင် ကြော်ငြာလိုက်ပြီး နယ်စပ်ဒေသခံများ သိရှိစေရန် ယခု ရက်ပိုင်းအတွင်း   ကြော်ငြာနေသည်ကို တွေ့ရသည်။ 


(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)


ထိုင်းနိုင်ငံ မဲဆောက်မြို့ တက်စ်ကိုကုန်တိုက်ကြီးရှိ NOK AIR လေယာဉ်လက်မှတ်အရောင်းဌာနမှ ၀န်ထမ်းတဦးက ”မဲဆောက်-မော်လမြိုင်ခရီးစဉ်ကို လာမဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပြေးဆွဲမှာဖြစ်တယ်။ ခရီးစဉ်တကြောင်းကို လူတဦး ထိုင်းဘတ်ငွေ ၁,၅၉၀ နှုံးသတ်မှတ်ထားပါတယ်” ဟု ပြောသည်။

ဘတ် ၁,၅၉၀ = US& 50 ခန့် / ကျပ် ငါးသောင်းခန့်

၎င်းခရီးစဉ်ကို ထိုင်းနှင့်မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ်များဖြင့် သွားလာနိုင်မည်ဖြစ်သည်။

ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ယခု ခရီးစဉ်တွင် စီးနင်းလိုက်ပါခွင့် ရ မရ မသိသေးကြောင်း ဖြည့်စွက်ပြောဆိုသည်။

ဆွီဒင်နိုင်ငံထုတ် Saab- ၃၄၀ အမျိုးအစားလေယာဉ်ဖြင့် စတင် ပြေးဆွဲမည်ဖြစ်ကြောင်း၊ ခရီးသည် ၃၄ ဦးဆံ့ကြောင်း၊ ပျံသန်းချိန်မှာ ၁၈ မိနစ်ခန့် ဖြစ်ကြောင်း၊ လေယာဉ်ပျံသန်းမှုအတွက်  မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးသည့် လေယာဉ်ပျံသန်းခွင့်လက် မှတ် ရရှိထားကြောင်း   သိရသည်။ 


ဒေသတွင်း ပထမဦးဆုံး မဲဆောက်-မော်လမြိုင် ခရီးစဉ်သည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းတို့ကို တခေတ်ဆန်းစေမည့်အစီအစဉ်ဖြစ်သည်ဟု ထိုင်းစက်မှုလုပ်ငန်းရှင်တဦးဖြစ်သည့် နိုင်ကိတိခွန်းက ပြောသည်။

၎င်းက ”ဗမာနယ်စပ်ကို ပိတ်ထားတာ နှစ် ၅၀ ရှိတော့မယ်၊ အခုလို သူတို့ဘက်က ပွင့်လင်းလာတော့ နယ်စပ်ခရီးသွားလုပ်ငန်းတခုထဲနဲ့တောင် သူတို့ဘက်က အားသာချက်ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့နိုင်ငံခြင်း အတူတူ ဗမာနိုင်ငံမှာက ရှေးဟောင်းဘုရားကျောင်းကန်နဲ့ သာသနိက အဆောက်အအုံတွေအပြင် သဘာဝတောတောင် ရေမြေတွေရဲ့အလှက သဘာဝအတိုင်းပဲ အများစု ကျန်ရှိနေတာက သူတို့အတွက် အားသာချက်တွေဖြစ်တယ်”  ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

ခရီးသည်တို့ရဲ့ စိတ်ဝင်စားမှု ~

ဤလေကြောင်းခရီးစဉ် အသုံးပြုမည့် ထိုင်းခရီးသည်တို့  အထူးဦးစားပေးသွားလိုသည့်အရပ်မှာ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရား၊ ကျိုက်သံလန်ဘုရား(ရှမ်းသံလန်ဘုရား) မုတ္တမ၊ ပဲခူးမြို့ (ထိုင်းအခေါ် ဟုန်စာဝတီ) ရှိ ထိုင်းမင်းသမီးတဦးနှင့် ဘုရင့်နောင်မင်းတရားကြီးတို့ အတူစံမြန်းခဲ့သည့် နန်းတော်နေရာတို့ဖြစ်သည်ဟု မဲဆောက်တွင်ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ဖိဒဲက ဆိုသည်။

မွန်ပြည်နယ်ကုန်သည်ကြီးများအသင်းဝင် နိုင်ထင်အောင်က ”မဲဆောက်ကို လေယာဉ်နဲ့ အများစုသွားကြမှာကတော့ လောလောဆယ်ဆယ် မွန်ပြည်နယ်က  ကုန်သည်တွေအများစုဖြစ်ပါလိမ့်မယ်။ တရက်ခရီးကို ၁၈ မိနစ်နဲ့ ရောက်ပြီး လေယာဉ်ခက ဘတ်ငွေ ၁,၅၉၀ ဆိုတော့ ကုန်သည်တွေသိတ်ကြိုက်ပေါ့” ဟု ပြောသည်။

မဲဆောက်-မြ၀တီနယ်စပ်ကုန်သွယ်ရေးလမ်းကြောမှတဆင့် နှစ်နိုင်ငံအပြန်အလှန်ကုန်စည်တင်ပို့မှုသည် လစဉ် ဘတ် သန်း ၄,ဝဝဝ ကျော် အထက်တွင်ရှိသည်ဟု ထိုင်းကုန်သည်ကြီးများအသင်းဘက်ကပြောသည်။

မဲဆောက်-မော်လမြိုင်ခရီးစဉ်တကြောင်းစာအတွက်  သတ်မှတ်ထားသော ဘတ် ၁,၅၉၀ သည် အစားအသောက်အပါအ၀င် ၀န်ဆောင်မှု အားလုံး အတွက် ဖြစ်ပြီး၊ ခရီးသည်တဦးလျှင် ၁၅ ကီလိုအလေးချိန်ရှိ ပစ္စည်းများသယ်ဆောင်ခွင့်ရှိသည်ဟု NOK AIR က မဲဆောက်အခြေစိုက်ထိုင်းရေဒီယို များတွင် နေ့စဉ် ထိုင်း-မြန်မာနှစ်ဘာသာဖြင့် သတင်းထုတ်လွှင့်လျက်ရှိသည်။

မဲဆောက်-ရန်ကုန် ခရီးစဉ်လည်း လာမယ် ~

NOK AIR သည် လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ မဲဆောက်-ရန်ကုန်ခရီးစဉ်ကို စတင်ပြေးဆွဲရန် ရည်ရွယ်ထားသည်။

ခရီးစဉ်တကြောင်းအတွက် လေယာဉ်လက်မှတ် တစောင်လျှင် ဘတ် ၃,၀၀၀ ခန့် ဖြစ်ဖွယ်ရှိကြောင်း၊ ဈေးနှုန်း မသတ်မှတ်ရသေးကြောင်း NOK AIR  ၀န်ထမ်းတဦးက ပြောသည်။

မော်လမြိုင်ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင်တော့မည် 
http://blog.irrawaddy.org/2013/05/blog-post_3.html


Viewing all articles
Browse latest Browse all 5236

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


ရခိုင်လူမျိုးတို့၏ ရာဇဝင်၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ၁၂၀


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်