Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာ့အပြောင်းအလဲ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပိတ်မိနေဟု ၈၈ ပြော

$
0
0
ဗြိတိန်နိုင်ငံကို ရောက်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ယမန်နေ့ မွန်းလွဲပိုင်း က SOAS တက္ကသိုလ်ခန်းမမျာ ဗြိတိန်ရောက် မြန်မာမိသားစုတွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူတွေ နဲ့ တွေ့ဆုံ ခဲ့ကြပါတယ်။ 


အဲဒီအခမ်းအနားကို တက်ရောက်သူ ၃၀၀ ခန့်တက်ရောက်ခဲ့ကြပြီး မြန်မာ့အပြောင်းအလဲ ဆိုင်ရာ 
မေးခွန်းတွေ ကိုလည်း ဖြေကြားခဲ့ရာမှာ မြန်မာ့အပြောင်းအလဲဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပိတ်မိနေ တယ်လို့ ပြောဆိုသွား ကြပါတယ်။ 

သမ္မတ ဦးသိန်းစိန် လည်း အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပိတ်မြိနေတာဖြစ်တယ်လို့ ဦးမင်းကိုနိုင် က ပြော ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ စစ်တပ်က အာဏာကိုအချိန်မရွေးသိမ်းခွင့်ပေးထား တယ်လို့လည်း ဦးကိုကိုကြီးက ထောက်ပြသွားပါတယ်။ 



၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစု
တွေ ကလည်း ပြောဆိုနေသလို အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေကလည်း ပြင်ဆင်ဖို့ ပြောနေကြတာပါ။ 


ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ဖွဲ့စည်းပုံပါ ဖော်ပြချက်တွေအရ အလွန်ခက်ခဲပါတယ်။ 
ပြင်ဆင်ရေး အဆိုကို အနည်းဆုံး လွှတ်တော်အမတ် ၂၀ ရာခိုင်နှုန်းက တင်ပြရမှာဖြစ်ပြီး  လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်းက ထောက်ခံဖို့ လိုသလို ထောက်ခံပြီးတဲ့ ပြင်ဆင်ရေးအပိုင်းကိုလည်း လူထု ဆန္ဒခံယူပွဲက မဲ ပေးရမှာဖြစ်ပြီး မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်က အတည်ပြုမှသာ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

လွှတ်တော်ထဲမှာလည်း ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေ၊ ပြည်သူက အမှန်တကယ်ထောက်ခံမဲပေးခဲ့ သူတွေ သာ ရှိနေသင့်တယ်လို့လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောဆိုသွားကြ ပြီး တွေ့ဆုံပွဲ အပြီး သံပြိုင်သီဆိုခဲ့ကြပါတယ်။ 



ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးမြအေး၊ ဦးဌေးကြွယ်၊ ဦကျော်ကျော်ထွေး( ကိုမာကီး)၊ မနီလာသိန်း၊ မမီးမီး တို့ ၈ ဦးဟာ ဗြိတိန်နိုင်ငံကို လွန်ခဲ့တဲ့ ရက်သတ္တပတ်က ရောက်နေကြတာဖြစ်ပါ တယ်။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles