Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မုံရွာ KTV မှာ တွေ့ရသူတွေကို ဧည့်စာရင်းမှုနဲ့ ကိုင်မယ်

$
0
0

တနင်္လာညသန်းခေါင်ယံမှာ မုံရွာစက်မှုဇုန်ထဲက ကာရာအိုကေဆိုင်တခုကို ရဲက ၀င်စီးတယ်၊ ဆိုင်မှာ တွေ့တဲ့ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂၉ ကို အရေးယူတယ် တဲ့။

သန်းခေါင်ယံမှာ သီချင်းဆိုနေသူတွေကို ဧည့်စာရင်းမတိုင်မှုနဲ့ အရေးယူမယ်လို့ ဆိုတယ်။ 
.

(ဒီပုံက ဘယ်ကာရာအိုကေဆိုင်ကပုံမှ  မဟုတ်ပါဘူး။ http://audiversity.com/5-ways-to-avoid-varicose-veins-ruining-your-beautiful-legs.html မှာ တွေ့ရတဲ့ပုံ ဖြစ်ပါတယ်။)

.ဒီကနေ့ သတင်းစာတချို့မှာ ဒီသတင်း ထည့်သွင်းထားကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Facebook မှာ တက်လာတဲ့ မုံရွာက ကာရာအိုကေဆိုင်/ကေတီဗွီဆိုင် ဆိုတဲ့ ဓာတ်ပုံနဲ့ သတင်းကြောင့် ဒီလို ၀င်စီးတာ ဖြစ်ပုံရပါတယ်။

အဲဒီဓာတ်ပုံမှာ သီချင်းဆိုသူ ကျား/မ လေးငါးဦးကို တွေ့ရမှာပါ။
သူတို့အားလုံး အ၀တ်ဗလာနဲ့ပါ။ ဘာအတွက်ကြောင့် ဗလာ ဖြစ်နေကြမှန်း မသိပါ။
ဒီဓာတ်ပုံနဲ့ သတင်း မြင်လိုက် ဖတ်လိုက်ရတဲ့ Facebook  ပရိသတ် အများအပြား တုန်လှုပ်သွားပါတယ်။

ဒါကြောင့် ကာရာအိုကေဆိုင်/ကေတီဗွီဆိုင် တချို့ရဲ့ အတွင်းပိုင်းပုံရိပ်က ဒီလိုပါလား လို့လည်း တချို့က ယူဆကြမှာ အသေအချာပါပဲ။

သီချင်းဆိုဖို့ ဖွင့်ထားတယ်လို့   နားလည်ထားကြတဲ့ ကာရာအိုကေဆိုင်/ကေတီဗွီဆိုင်တွေ မြန်မာပြည်မှာ အများအပြား တွေ့ရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာလည်း သီချင်းဆိုနိုင်တယ် ဆိုတဲ့
ကေတီဗွီဆိုင်ကြီးဆိုင်ကောင်းတွေကို တခမ်းတနား တွေ့နိုင်မှာပါ။

သီချင်းဆိုသူတွေ အများအပြား ပေါ်ပေါက်နေတဲ့
ဒီနေ့ခေတ်မှာ အကျိုးဆောင်ပေးတဲ့ လုပ်ငန်းရှင်တွေက ဆိုင်ကြီးကြီးဆောက်ပြီး လုပ်ကိုင်နေကြတာပါ။

မုံရွာမှာ ကေတီဗွီဆိုင်ကို စစ်ဆေးတော့  အထက်မှာ ရေးခဲ့သလိုပဲ ဧည့်သည် အမျိုးသားတွေ၊ ဆိုင်ဝန်ထမ်း အမျိုးသမီးတွေ တသီကြီး တွေ့ရပါတယ်။ အလုပ်အကိုင်တွေ အနည်းနဲ့အများ ထိခိုက်သွားကြလိမ့်မယ်လို့ ယူဆရပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles