Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရွှေ iPad နဲ့ ဒူဘိုင်းကဟိုတယ်

$
0
0

တကယ်ပါ။ ဒူဘိုင်းက ကမ္ဘာ့ဈေးအကြီးဆုံး ကမ္ဘာတစ်ခုတည်းသော ကြယ် ၇ ပွင့် အဆင့်ရှိ  Burj Al Arab ဟိုတယ်မှာပါ။
ယူအေအီးက ဆိုပါတော့။


(photo by Burj Al Arab Hotel)

ဟိုတယ်ကိုဝင်လိုက်တာနဲ့ လာသမျှဧည့်သည် မိသားစုတိုင်းကို ရွှေ iPad ပေးပါတယ်။ အပြီးပေးတာ မဟုတ်ဘူးထင်တယ်။
သိုပေမယ့် အပိုင်လိုချင်ရင်တော့ တစ်ခုကို အမေရိကန်ဒေါ်လာ ၁၅၁၀၀ ပေးရတယ်လို့ ဆိုပါတယ်။

တတိယ မျိုးဆက် iPad 3 ဖြစ်ပြီး 16GB Memory ပါရှိပါတယ်။
ရည်ရွယ်ချက်က ဟိုတယ်မှာ Virtual Guide အနေနဲ့ လုပ်ပေးဖို့ပါ။
ဘယ်လို ဆားဗစ်တွေ ရှိတယ်ဆိုတာက အစ ဖတ်လို့ရမယ်။ ကြည့်လို့ရမယ်။
ဟိုတယ်တွင်းက စားသောက်ဆိုင် ထိုင်ရင်လည်း မီးနူးစာအုပ်လို အသုံးပြုလို့ ရမယ်။
သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ တွေ့ရမှာ ဖြစ်ပါတယ်။

ဟိုတယ်တွင်း အသုံးပြုဖို့အတွက် သီးသန့် ဆော့ဖ်ဝဲ တစ်ခု Install လုပ်ပေးထားခြင်း ဖြစ်ပါတယ်။
iPad ကို ရွှေကာဗာတပ်ဆင်ထားပေးခြင်းပါ။ ဟိုတယ်လိုဂိုလည်း ပါရှိပါတယ်။
အချို့ ကတော့ ဟိုတယ် အမှတ်တရ အနေနဲ့ ရွှေiPad ကို တစ်ခါတည်း ဝယ်ပြန်သွားတတ်ကြောင်း သိရပါတယ်။

--


Ref: tech2
Aung Kham (TSJ team)

(TechSpace နည်းပညာဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်)
http://blog.techspace.com.mm/2013/05/blog-post_8486.html



.


Viewing all articles
Browse latest Browse all 5236

Trending Articles