Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အပြန်အလှန် တရားစွဲတဲ့ ဦးခင်ရွှေ နဲ့ ဦးနေမျိုးဝေ

$
0
0

ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေကို အသရေဖျက်မှုဖြင့် တရားစွဲရန်  ဒဂုံမြို့နယ်တရားရုံးက ယနေ့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောသည်။

ဦးနေမျိုးဝေ  (ဓာတ်ပုံ - စည်သူ/ဧရာဝတီ)

 
 ဦးနေမျိုးဝေ၊ ဦးဝင်းချို အပါအဝင် ပုဂ္ဂိုလ် ၄ ဦးသည် လူထုကို ထင်ယောင်ထင်မှား ဖြစ်စေရန် လှုံ့ဆော်သူများဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတခုတွင်  ပြောဆိုခဲ့ကြောင်း၊
ထိုပြောဆိုချက်ကို မက်ဆင်ဂျာ ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း၊
ထိုကိစ္စအတွက် အသရေဖျက်မှု ပုဒ်မ၅၀၀ ဖြင့် တရားစွဲခွင့်ရရန် လွန်ခဲ့သည့် နှစ်လကျော်က ဒဂုံမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ရာ ယနေ့ တရားစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဦးခင်ရွှေကို တရားစွဲခွင့်ရပြီ၊ သူပြောလိုက် တဲ့စကားက လူတွေကို အထင်မှားစေတယ်လေ၊ ဦးတို့ကလည်း လှုံ့ဆော်တဲ့သူ လုံးဝ မဟုတ်ဘူး” ဟု ဦးနေမျိုးဝေက ဧရာဝတီ သို့ပြောသည်။

 ဦးခင်ရွှေသည် ပုဒ်မ ၅ဝဝ နှင့် အမှန်တကယ်ညှိစွန်းခြင်းရှိမရှိကို  လာမည့် ဇွန် ၁၀ ရက် တွင်  ဒဂုံမြို့နယ်တရားရုံးတော်သို့ လူကိုယ်တိုင် သွားရောက်ကာ ထုချေရှင်းလင်းရမည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ဦးခင်ရွှေကို တယ်လီဖုန်းဆက် မေးမြန်းသော်လည်း  အဆက်အသွယ် မရရှိသေးပေ။

ဦးခင်ရွှေက ဦးနေမျိုးဝေကို ယခင်က တရားစွဲဆိုဖူးသည်။ ထိုအကြောင်းကို ဧရာဝတီဘလော့ http://blog.irrawaddy.org/2012/08/blog-post_6096.htmlတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ဦးခင်ရွှေသည် အာဏာရပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည်။


.


Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား