Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဇေကမ္ဘာ ဦးခင်ရွှေကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲ

$
0
0
နာမည်ကြီး သူဌေးကြီး ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲလိုက်နိုင်ပြီလို့ မတူကွဲပြား ငြိမ်းချမ်းရေး ပါတီ 
ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးနေမျိုးဝေက ခုနလေးတင် သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေး ရေးသားလိုက်ပါတယ်။ 


ဦးနေမျိုးဝေက ရေးသားထားရာမှာ ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ဒဂုံမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ရာမှာ  အခုတရားရုံးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲနိုင်သွားပြီဖြစ်ပြီး ထုချေရှင်းလင်းဖို့အတွက် ရုံးတော်ကို လာမယ့် ဇွန်လ ၁၀ ရက်နေ့ကို ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။


ပုဒ်မ ၅၀၀ ဆိုတာ အသရေဖျက်မှုပါ။

မနှစ်က တုန်းက ဦးနေမျိုးဝေက လယ်ယာမြေ သိမ်းဆည်းမှုတွေ နဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့ပါသေးတယ်။ အဲဒီတုန်းက ဦးနေမျိုးဝေကို သူက ပုဒ်မ ၅၀၀ နဲ့ ပြန်လည် တရားစွဲဆိုခဲ့ပါတယ်။

အခုတော့ ဦးနေမျိုးဝေက  ပြန်လည် တရားစွဲဆိုထားမှုကို တရားရုံးတော်က အခုလို တရားစွဲဆိုခွင့် အမိန့် ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles