Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုတိယအကြိမ် ဆိုင်းဘုတ်တင်မယ်

$
0
0
Myanmar Journalists Association (MJA) ရဲ့ ဒုတ်ယအကြိမ် ဆိုင်းဘုတ်တင်ပွဲကို ၁ ဇွန် ၂၀၁၃ (စနေ
နေ့) နံနက် ၉နာရီမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ လမ်း ၄၀ (မဟာဗန္ဒုလလမ်းနှင့် ကုန်သည် လမ်းကြား)၊ အမှတ် ၁၄၀ မြေညီထပ် အခန်းမှာ ကျင်းပပါမယ်။ 




မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကို ၂၀၁၂ သြဂုတ် ၁၁ ရက်မှာ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ပွဲများဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

နှစ် ၅၀အတွင်း ပထမဆုံးအကြိမ် လွတ်လပ်သော သတင်းစာဆရာအသင်းကြီး ပြန်လည် မွေးဖွား လာခြင်းဖြစ်ပါတယ်။ 

အသင်းကြီးတော့ ပေါ်လာပြီ၊ ဗဟိုရုံးခန်းနဲ့ ရန်ကုန်တိုင်းအသင်းအတွက် ရုံးခန်းဖွင့်ဖို့ နေရာအခက်အခဲနဲ့ ရင်ဆိုင်ရပါတော့တယ်။ 

မြန်မာနိုင်ငံစာရေးဆရာအသင်းက စာပေဗိမာန် အဆောက်အဦက မူလနေရာမှာ ဆက်ပြီး ရုံးခန်း ဖွင့်လေတော့ အဆင်ပြေနေပါတယ်။ 

ကျွန်တော်တို့က ယခင်နေရာဟောင်းတွေကို သံယောဇဉ်ဖြတ်ပြီး သီးခြားထွက်လာတာဖြစ်လို့ နေရာ အခက်အခဲတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ 

အဲဒီအချိန်မှာ ရန်ကုန်တိုင်းမ်ဂျာနယ်ကလည်း သတင်းစာထုတ်ဖို့ ရည်ရွယ်ချက်နဲ့ နေရာပြောင်းရွှေ့ချိန် ဆိုတော့ သူတို့ရဲ့ မူလရုံးခန်းနေရာ၊ မဟာဗန္ဒုလတံတားအဆင်းနားက ကွန်ဒိုတစ်ခုရဲ့ ၉ ထပ် တိုက် ခန်းကြီးကို MJA ရုံးခန်းအဖြစ်သုံးဖို့ ပေးပါတယ်။ 

သို့ပေမယ့် မြို့လယ်ခေါင်နေရာမဟုတ်တဲ့အတွက် နယ်က သတင်းစာဆရာတွေမပြောနဲ့၊ MJA အမှုဆောင်တွေတောင် အရောက်အပေါက်အတော်နည်းခဲ့ပါတယ်။ 

ဒါကြောင့် ယခုလို မြို့လယ်ခေါင်နေရာ၊ မြေညီထပ်တိုက်ခန်းကျယ်ကို ပြောင်းရွှေ့ပြီး ဆိုင်းဘုတ်တင်ပွဲ ကျင်းပခြင်းဖြစ်ပါတယ်။ 

တိုက်ခန်းကို အထူးသက်သာတဲ့ဈေးနှုန်းနဲ့ ခွင့်ပြုတဲ့ ပိုင်ရှင်ဖြစ်သူ၊ ပြည်သူ့ခေတ်ဂျာနယ် အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင်၊ မန်နေဂျင်းအယ်ဒီတာ ဆရာအာသာကို အထူး ကျေးဇူးတင်ပါတယ်။ 

နက်ဖြန် ကျင်းပမည့် MJA ဗဟိုရုံးခန်းနဲ့ ရန်ကုန်တိုင်း ရုံးခန်းဆိုင်းဘုတ်တင်ပွဲကို ကောင်းခြီးပေးကြပါ ခင်ဗျား။ 

သတင်းသမားမှန်သမျှ၊ MJA အသင်းဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ ကျွန်တော်တို့ကတော့  သွေးရင်း သားရင်း ဆွေမျိုးရင်းချာများအဖြစ် အသိအမှတ်ပြုပါတယ်။ 

သတင်းမီဒီယာသမားအားလုံး MJA ရုံးသို့ ၀င်ထွက်သွားလာနိုင်ကြပါတယ်။ ပြည်သူများအနေဖြင့်လည်း သတင်းကိစ္စများနှင့်ပတ်သက်လို့ သိလိုသည်များ၊ ပြောလိုသည်များရှိလျှင် အချိန်မရွေးဆက်သွယ်နိုင်ကြ ပါကြောင်း ကြော်ငြာမောင်းခတ်လိုက်ပါတယ်။ 

မောင်ဝံသ ~

maungwuntha@gmail.com

Viewing all articles
Browse latest Browse all 5236

Trending Articles