Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒီနေ့သတင်းစာများနဲ့ ဒီပဲယင်း ဆယ်နှစ်ပြည့်

$
0
0


ဒီပဲယင်းဒေသ အကြမ်းဖက်မှု ၁ဝ နှစ်ပြည့် အစီအစဉ်ကို ဒီပဲယင်းဒေသမှာ မနေ့က ကျင်းပပါတယ်။

ဒီအကြောင်းကို သတင်းစာတိုင်းက ဖော်ပြကြပါသလား။
ဒီနေ့ထုတ် သတင်းစာတွေထဲ အနည်းဆုံး၅ စောင်မှာတော့ ဒီပဲယင်းဆယ်နှစ်ပြည့်အကြောင်း သတင်းထည့်မထားပါ။
အဲဒီ ၅ စောင်ကတော့ စံတော်ချိန်၊ ရန်ကုန်တိုင်းမ်၊ ကြေးမုံ၊ မြန်မာ့အလင်း၊ ပြည်ထောင်စုနေ့စဉ်တို့ ဖြစ်ပါတယ်။

ပြည်ထောင်စုနေ့စဉ်ကတော့ ဗိုလ်ချုပ်ကြီးများ တည်ထောင်ထားတဲ့ အာဏာရပါတီရဲ့ အာဘော်သတင်းစာပါ။

ကြေးမုံ၊ မြန်မာ့အလင်းကလည်း ဗိုလ်ချုပ်ကြီးများရဲ့အာဘော်ပါပဲ။စံတော်ချိန်၊ ရန်ကုန်တိုင်းမ်တို့က ပုဂ္ဂလိက သတင်းစာတွေပါ။ ဒီပဲယင်းသတင်း မထည့်တာကတော့ ဟိုနေ့တွေက ကြိုထည့်ထားပြီးသား ဖြစ်နိုင်သလို၊ လာမယ့်နေ့တွေမှ ဖော်ပြဖို့ အစီအစဉ်ရှိတာလည် ဖြစ်နိုင်ပါတယ်။ လုံးဝ မထည့်တော့တာလည်း ဖြစ်နိုင်ပါတယ်။

ဒီနေ့ထုတ် The Voice, Eleven သတင်းစာတို့မှာတော့ သတင်းထည့်ထားပါတယ်။
Eleven မှာတော့ ဒီအကြမ်းဖက်မှုအကြောင်း အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။ ခေါင်းစဉ်က - ဒီပဲယင်းဖြစ်ရပ်နှင့် သမိုင်းသင်ခန်းစာ

အာဘော်အပြင် သတင်း၊ ဆောင်းပါး၊ ကဗျာ၊ အင်တာဗျူးတွေကို ၄ မျက်နှာထက်မနည်း နေရာပေးထားတာ တွေ့ရမှာပါ။

ဒီနေ့ထုတ်သတင်းစာ အကုန်တော့ မဖတ်ရသေးပါဘူး။

ဆိုခဲ့သလိုပဲ ... တချို့သတင်းစာမှာ ဒီပဲယင်းလုပ်ကြံမှုဆယ်နှစ်ပြည့်လာတဲ့အကြောင်း ထည့်တယ်၊ တချို့က မထည့်၊ သို့မဟုတ် ကိုယ့်မီဒီယာမှာ နေရာ သိပ်မပေး။

အယ်ဒီတာများ၊ ထုတ်ဝေသူများ စိတ်ဝင်စားမှု မတူကြဘူးလို့ ဆိုရမယ် ထင်ပါတယ်။

.


Viewing all articles
Browse latest Browse all 5236

Trending Articles