Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မင်းဂွတ်သီးခွဲနည်း

$
0
0


မင်းဂွတ်သီးဖင်ပိုင်းမှာ ဖုတုံးလေးတွေကို သတိထားမိပါသလား။
အဲ့ဒီဖုတုံး အရေအတွက်နဲ့  မင်းဂွတ်သီး အတွင်းသား အမွှာအရေအတွက်က အတူတူပါပဲ။
အတွင်းသားမှာ ဘယ်နှစ်မွှာ ရှိသလဲဆိုတာ ညွှန်းပြနေတာဖြစ်ပါတယ်။

မင်းဂွတ်သီးကို မပဲ့ မကြေ လှလှပပ ဖြစ်အောင် ခွာတဲ့ နည်းကတော့  ...
၁။  မင်းဂွတ်သီး အောက်ပိုင်းကို လက်မနဲ့ ညှစ်လိုက်ပါ။ အောက်ပိုင်း ချိုင့်သွားပြီး ကွဲအက်လာမယ်။
၂။  ကွဲအက်ကြောင်း တစခြင်းကို ဖြည်းဖြည်း ခွာပါ။
ဒါပါပဲ။ အလုံးမပျက် အမွှာလိုက် မင်းဂွတ်သီးအသားကို ရရှိမှာဖြစ်ပါတယ်။

အခုအချိန်က မင်းဂွတ်သီး ရာသီမို့ လို့ ပျော်ပျော်ပါးပါး စမ်းကြည့်နိုင်ပါတယ်။

(ဘန်ကောက်အခြေစိုက် သတင်းသမားတယောက်ရဲ့ Facebook ကနေ ခွင့်ပြုချက်တောင်းပြီး ပြန်လည် ဖော်ပြပါတယ်။)

.


Viewing all articles
Browse latest Browse all 5236

Trending Articles