Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လားရှိုးမြို့ အခြေအနေ အသေးစိပ်ထုတ်ပြန်မယ်လို့ ဦးရဲထွဋ် ပြော

$
0
0
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ယမန်နေ့ မေလ ၂၉ ရက် ညနေပိုင်းက လူအုပ်စုနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ကိစ္စအပေါ် သမ္မတရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က အောက်ပါအတိုင်း အသိပေး ရေးသား ထားပါတယ်။ 



မနေ့ညက လားရှိုးမြို့မှာ ဖြစ်ပေါ် ခဲ့တဲ့ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြုပြီး လူအုပ်စုနဲ့ မီးရှို့ခဲ့တဲ့အတွက် ဘာသာရေး အဆောက်ဦနှစ်ခုနဲ့ ဆိုင်ခန်းအချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။ ဖမ်းမိထားတဲ့ တရားခံကို ထုတ်ပေးဖို့ တောင်းဆိုရာကနေ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်အသေးစိတ်ကို မကြာခင်ထုတ်ပြန်ပေးပါ့မယ်။ 

ရာဇ၀တ်မှုတစ်ခုဖြစ်ရင် တရားခံကိုဖော်ထုတ်ပြီး တရားဥပဒေနဲ့ အညီ အရေးယူရမှာဖြစ်ပါတယ်။ ဖမ်းဆီးရမိထားတဲ့ တရားခံကို လူအုပ်စုထံကို လွှဲပြောင်းပေးဖို့၊ ရာဇ၀တ်မှု နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဘာသာရေး အဓိကရုဏ်းပုံစံမီးရှို့ဖျက်ဆီးမှုများဟာ ကျွန်တော် တို့ အားလုံးအကောင်အထည်ဖော်နေတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ ရှိသင့်ရှိအပ်တဲ့ အပြု အမူမျိုးမဟုတ်ပါဘူး။ 

လားရှိုးမှာ နောက်ထပ် မဖြစ်ပွားအောင်၊ ကျန်တဲ့ဒေသများမှာလည်း အလားတူမဖြစ်အောင် အားလုံး ဝိုင်းဝန်းထိမ်းသိမ်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ 

လို့ ဦးရဲထွဋ်က ဆိုပါတယ်။

အစောပိုင်း သတင်းတွေမှာ အမျိုးသမီးတဦး ဓာတ်ဆီလောင်း မီးရှို့ခံရတယ်ဆိုတဲ့ သတင်းနဲ့ အတူ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား တဦးကို ရဲက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်မှာ ရဲက ဖမ်းထားသူကို လူအုပ်ကြီးက ထုတ်ပေးရန် ပြောဆိုရင် ပဋိပက္ခစတင်ခဲ့တာလို့ ဆိုကြပါတယ်။

ပဋိပက္ခဖြစ်ပွားလာမှုကြောင့် အကြမ်းဖက်မှုတွေ ပါလာပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့လည်း ဒေသခံများက ပြောကြပါတယ်။ 

အခင်းဖြစ်ပွားစဉ်မှာ လားရှိုးမြို့ကို တယ်လီဖုန်းနဲ့ ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်းလိုင်းများ မကောင်းမွန်ခဲ့ပါ။ 



Viewing all articles
Browse latest Browse all 5236

Trending Articles