Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပန်းချီဆရာ ၃၉ ဦး ဘာကြောင့် မော်တင် ရောက်နေသလဲ

$
0
0

 


 ငပုတောမြို့နယ်၊ မော်တင်ဒေသကို  ပန်းချီဆရာ ၃၉ ဦး ဗုဒ္ဓဟူးနေ့က ရောက်လာပါတယ်။

သူတို့က မော်တင်ဒေသမှာ ၅ ရက်ကြာနေထိုင်ပြီး လိပ်ကျွန်း၊ ကျောက်ကလပ် စတဲ့နေရာတွေက သဘာဝရှုခင်းတွေ၊ ပင်လယ်ရှုခင်းတွေကို ပန်းချီရေးဆွဲကြမှာပါ။

ဒီကားတွေကို ရန်ကုန်က ပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)မှာ ပြပွဲတင်ရောင်းချမယ်၊ ရောင်းရငွေအားလုံးက  ဧရာဝတီ တိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂ ရန်ပုံငွေအတွက် ဖြစ်တယ်လို့ အစည်းအရုံးအတွင်းရေးမှူး ပန်းချီဆရာ နီပိုဦးက ဧရာဝတီကိုပြောပါတယ်။

“ဧရာဝတီတိုင်းက တောင်သူလယ်သမားသမဂ္ဂက ကျနော်တို့ကို ဖိတ်ကြားခဲ့တာပါ။ သူတို့ဖွဲ့ထားတဲ့ စာမီးအိမ်ဆိုတဲ့အဖွဲ့လေးက ပညာရေး၊ လူမှုရေး ကူညီထောက်ပံ့တဲ့ လုပ်ငန်းတွေ လုပ်နေတယ်ဆိုတော့ အဲဒီလိုကောင်းမြတ်တဲ့လုပ်ငန်းတွေမှာ ကျနော်တို့ အနုပညာနဲ့တတပ်တအား ပါဝင်တဲ့အနေနဲ့ ခုလိုစီစဉ်ဖြစ်တာပါ”လို့  နီပိုဦးက ပြောပါတယ်။

လယ်သမားသမဂ္ဂ

ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂကို ဒီနှစ် နှစ်ဆန်းပိုင်းက တတိုင်းလုံးမှာရှိတဲ့ သက်ဆိုင်ရာမြို့နယ်တွေက တောင်သူလယ်သမား ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တာပါ။
 

လယ်သမားသမဂ္ဂအတွက် ပါဝင်လှူဒါန်းမယ့် တာယာပွကြီး ဖန်တီးရှင် ပန်းချီဆရာ ဇော်ဝင်း 

 သမဂ္ဂအနေနဲ့ လယ်သမားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ပြုလုပ်ခြင်း၊ လယ်သမား အခွင့်အရေး နစ်နာဆုံးရှုံးမှုတွေကို လိုက်လံကူညီဖြေရှင်းပေးတာ၊ ဆင်းရဲနွမ်းပါးတဲ့ လယ်သမားတွေရဲ့ သားသမီးတွေ ပညာရေးကို ကူညီထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေကြောင်း သမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးကိုကိုက ပြောပါတယ်။

 “အခုလို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံးကနေ ကျနော်တို့လယ်သမားတွေဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၀ိုင်းဝန်းကူညီပေးတာ
အထူးပဲကျေးဇူးတင်မိပါတယ်” လို့  ကိုမျိုးကိုကိုက ပြောပါတယ်။

 မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး


မော်တင်ရောက်နေတဲ့ ပန်းချီဆရာ ၃၉ ဦးအဖွဲ့ကို အစည်းအရုံး ဥက္ကဋ္ဌ ပန်းချီဆရာမောင်မောင်လှမြင့် ဦးဆောင်လာတာပါ။

ပန်းချီဆရာမောင်မောင်လှမြင့် 
 
မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံးဆိုတာ ယခင်က မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးကို အမည်ပြောင်းပြီး အမှုဆောင်သစ်တွေနဲ့ ပြီးခဲ့တဲ့
၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

 ပန်းချီ၊ ပန်းပုအစည်းအရုံး ဆိုပေမယ့် ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းတိမ်၊ ပန်းပွတ်၊ ပန်းပဲ စတဲ့ မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးကို တတ်ကျွမ်းတဲ့ အတတ်ပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အစည်းအရုံးဖြစ်ပြီးတော့ ပန်း ၁၀ မျိုးမှာ အဓိကကျတဲ့ ပန်းချီနဲ့ပန်းပုကို အစွဲပြုပြီး အစည်းအရုံး နာမည်ပေးထားခြင်းဖြစ်တယ်လို့ ပန်းချီဆရာ နီပိုဦးက ပြောပါတယ်။

 အမည်ပြောင်းပြီး သက်တမ်း ၁ နှစ်အတွင်းမှာ အစည်းအရုံးရဲ့ ကူညီထောက်ပံ့မှုနဲ့ မြန်မာ့ပန်း ၁၀ မျိုးပြပွဲ၊ အမျိုးသမီးပန်းချီဆရာမတွေရဲ့ သီးသန့်ပန်းချီပြပွဲ၊ လူငယ်မျိုးဆက်သစ် ပန်းချီဆရာတွေရဲ့လက်ရာပြပွဲတွေ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
 

ဆလိုင်း သန့်စင် ~


.


Viewing all articles
Browse latest Browse all 5236

Trending Articles