Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သမ္မတ ဦးသိန်းစိန် အမေရိကန်ကို သွားမယ်

$
0
0
သမ္မတ ဦးသိန်းစိန်ဟာ အခု ဒီမေလ ၂၀ ရက် သို့မဟုတ် ၂၁ ရက်နေ့တွေမှာ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ကို သွားဖို့ ရှိတယ်လို့ အေဖက်ပီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 



ဒါဟာ အမေရိကန်ဘက်က မြန်မာ ခေါင်းဆောင်တွေအပေါ် တချိန်က ဗီဇာကန့်သတ်ထားမှုကို ဖြေလျှော့
ပေးလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

လွန်ခဲ့တဲ့ နှစ် စက်တင်ဘာလက သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စုကို သွားရောက် ခဲ့ပေမယ့် ဗီဇာ ကန့်သတ်မှု ရှိနေတဲ့အတွက် လွတ်လပ်စွာ သွားလာဖို့ အဆင်မပြေခဲ့ပါဘူး။ အခုတော့ အမေရိကန် ပြည်ထောင်စုမှာ လွတ်လွတ်လပ်လပ် အလည်အပတ် သွားလို့ ရပါပြီ။ 

သမ္မတ ဦးသိန်းစိန်ရဲ့ အခု လာမယ့် အမေရိကန် ခရီးစဉ်မှာ အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားနဲ့ အတူ ထိပ်သီးဆွေးနွေးပွဲ တခု တက်ရောက်ဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ 

တိုက်ဆိုင်စွာပါပဲ စစ်အုပ်ချုပ်ရေး အောက် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်ပိုင်းတွေနဲ့ပတ်သက်ပြီး ၁၉၉၆ ခုနှစ်က အမေရိကန်ကို လာရောက် လည်ပတ်ဖို့ ဗီဇာ ပိတ်ပင်ကန့်သတ်ခဲ့တာကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကလည်း ကြာသပတေးနေ့က အဆုံးသတ်စေခဲ့ပါတယ်။ 

လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၁၉၉၆ ခုနှစ်က မြန်မာအစိုးရ ၀န်ထမ်းတွေ၊ အရာရှိတွေ၊ တချို့ ပင်စင်စားတွေကိုပါ အမေရိကန် ပြည်ထောင်စုက ဗီဇာ ပိတ်ပင်ကန့်သတ်ခဲ့တာပါ။ 

ဒါဟာ အမေရိကန်-မြန်မာ ဆက်ဆံရေးကို နောက်ထပ် တဆင့် တိုးမြှင့်လိုက်တာလည်းဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုပြီး ပိတ်ဆို့အရေးယူတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေကို ဖြေလျှော့ရုပ်သိမ်းပြီးနောက် ၂ နိုင်ငံ ဆက်ဆံရေးမှာ သံအမတ်အဆင့်တွေ အပြန်အလှန်ထားရှိတဲ့ ပုံမှန်အခြေအနေ ဆက်ဆံရေး ကို ပြန်လည် စတင်ခဲ့တာ မကြာသေးပါဘူး။ 




အိမ့်သံစဉ် ~




Viewing all articles
Browse latest Browse all 5236

Trending Articles