အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဧပြီလ ၂၇ ရက်နေ့ ည ၁၂ နာရီ ခန့်လောက်က ရန်ကုန်လေဆိပ်မှတဆင့် ကိုရီးယား လေကြောင်းလိုင်း တခုနဲ့ မွန်ဂိုလီးယားနိုင်ငံကို ထွက်ခွာသွားပါတယ်။
မွန်ဂိုလီးယားနိုင်ငံမှာ မနက်ဖြန် ကျင်းပမယ့် ဒီမိုကရေစီဆိုင်ရာ လူမှုအဖွဲ့အစည်းများ ဆိုင်ရာ ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj နဲ့ သီးခြား တွေ့ဆုံဖို့ ရှိပြီး မြန်မာနဲ့ မွန်ဂို လီးယား နိုင်ငံတွေမှာ ရင်ဆိုင်ဖြတ်ကျော်နေရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးပြောဆိုကြမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မေလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်လာမှာဖြစ်ပါ တယ်။
အိမ့်သံစဉ် ~