Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဆန္ဒပြနေတဲ့ကြားက ဓာတ်အားလိုင်းတာဝါ ဆက်လက်ဆောက်လုပ်နေ

$
0
0
ဆန္ဒပြကန့်ကွက်ထားသော်လည်း ရွှေတောင်- မြောင်းတကာ မဟာဓါတ်အားလိုင်းတာဝါတိုင် ဆက်လက် တည်ဆောက်နေပါတယ်။ 

ဓာတ်ပုံ- ကောင်းမြတ်မင်း/ ဧရာဝတီ

ဧပြီလ ၂၂ ရက်နေ့က ပေါင်းတည်မြို့ (၄၄)လမ်းနေ ပြည်သူများ တရားဝင်ဆန္ဒပြ ကန့်ကွက်ထား ခဲ့သော် လည်း ၎င်းလမ်းပေါ်ရှိ ရွှေတောင်- မြောင်းတကာ မဟာဓါတ်အားလိုင်း တာဝါတိုင်အမှတ် (၁၂၃၊ ၁၂၄၊ ၁၂၅ ) အား မိုးမကျခင်အချိန်မှီ တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးရဲ့ မူလ ညွှန်ကြားချက် အတိုင်း လက်ဆက်ဆောက်ရတာ ဖြစ်ကြောင်း ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးမျိုးနိုင်မှ ဧရာဝတီသို့ပြောသည်။ 

“ ဝန်ကြီးရဲ့ မူလညွှန်ကြားချက်အတိုင်းဆောက်လုပ်တာပါ။ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ ခွင့်ပြုချက်လည်းပါ ပါတယ်။ အတတ်နိုင်ဆုံး ပြည်သူလူထု ဘေးအန္တရာယ်မရှိအောင် ဆောက်လုပ်ဖို့ညွှန်ကြားထားတဲ့အတွက်၊ တာဝါတိုင်ကို အတတ်နိုင်ဆုံးမြှင့်ပြီးဆောက်နေပါတယ်။ မြေပြင်နဲ့ ဓါတ်ကြိုးအကွာအဝေးကို ပေ ၆၀ အထိ
မြှင့် ထားပါတယ်။ ဒီကဒေသခံ တွေ စိုးရိမ်နေတဲ့ ဘေးအန္တရာယ်မျိုးတွေ မကျရောက်အောင် ကျနော် ဘဝ နဲ့ရင်းပြီး အာမခံပါတယ်။ တစုံတရာ အန္တရာယ် ကျရောက်ခဲ့ရင် ကျနော်ကို တရားစွဲလို့ရပါတယ်။ အကယ် လို့ ဒီဆောက်လုပ်နေတဲ့ ၄၄ လမ်းပေါ်က တာဝါတိုင်းသုံးခုကို အထက်က တခြားလမ်း က ပြောင်း 
ရွှေ့ဆောက် လုပ်ပါလို့ ညွှန်ကြားရင် ကျနော်ချက်ခြင်းရွှေ့ပြောင်းပြီး ဆောက်လုပ်ပေးပါ့ မယ်။ အခု အထက်က မူလညွှန်ကြားချက်အတိုင်း လုပ်ဆောင်ဖို့ တာဝန်ပေးထားလို့ မိုးမကုန်ခင် အချိန်မှီဆောက်ရ တာပါ ” ဟု ဦးမျိုးနိုင်မှ ဆက်ပြောသည်။ 

ပေါင်းတည်မြို့ (၄၄)လမ်းနေ ပြည်သူများနှင့် ဆောက်လုပ်ရေးတာဝန်ရှိသူများ ပိဋိပက္ခမဖြစ်ပွားစေရန် မြို့နယ်ရဲမှူး ဦးစံဝေမှ လုံးခြုံရေး ရဲအင်အား (၁၀)ခန့်နှင့် တာဝန်ယူ ကူညီပေးနေရကြောင်းနှင့် လက်ရှိ အချိန် အထိ ပြဿနာတစုံတရာမှ မရှိကြောင်း မြို့နယ်ရဲမှူး ဦးစံဝေမှ ဧရာဝတီသို့ပြောသည်။ 

“ လက်ရှိ ရဲဝန်ထမ်း ၁၀ ဦးနဲ့ လုံခြုံရေးယူပေးနေပါတယ်။ ကျနော်တို့မှာ လက်နက်ဆိုလို မြင်တဲ့အတိုင်းပဲ တုတ်တောင် မကိုင်ခိုင်း ပါဘူး။ အခုချိန်အထိတော့ ပြဿနာတစုံတရာမရှိသေးပါဘူး။ ၄၄ လမ်းကပြည်သူ 
တွေ ဆန္ဒပြဖို့ တရားဝင် စာတင်တုန်းကလဲ ကျနော်တို့ ခွှင့်ပြုပြီး ဆန္ဒထုတ်ဖေါ်ခွှင့်ပေးခဲ့သလို သူတို့ရဲ လုံခြုံရေးကိုလည်း ကျနော်တို့ပဲ ကူညီပေးခဲ့ တာပါ။ အခုလည်း ကျနော်တို့က နှစ်ဘက်စလုံး ပြဿနာ မဖြစ်စေဖို့ လာရောက်ကူညီပေးနေတာပါ ” ဟု ရဲမှူးမှ ဆက်ပြောသည်။ 

ဧပြီလ ၂၂ ရက်နေ့က တရားဝင်ဆန္ဒပြကန့်ကွက်ထားသော်လည်း ဆက်လက်ဆောက်လုပ်သည့် အပေါ် ဒေသခံ များက မကျေမနပ်ဖြစ်နေသော်လည်း ကြေးနီတောင်၊ မလိုတိုကျေးရွားများ မှာ ဖြစ်ပွား သကဲသို့ မဖြစ်ပွားစေရန်နှင့် ၄၄ လမ်းနေ ပြည်သူများအနေဖြင့် မိမိတို့ဘက်မှ စတင်ပြီး ကိုယ်ထိလ က် 
ရောက် မကျူးလွန်စေရန် ကြိုတင်ဆောင်ရွက်နေပြီး၊ ပြည်သူ လူထု၏ ဆန္ဒကို လွှတ်တော် ကိုယ်စားလှယ် များမှ အရေးမထားသည့်အတွက် ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်များအား ရာထူးမှ ပယ်ရှားပေးရန် ထပ်မံတရားဝင်ဆန္ဒပြ တောင်းဆိုသွားမှာဖြစ်ကြောင်း ကိုခင်မောင်လှိုင်မှ ဧရာဝတီသို့ပြောသည်။ 

“ အခုအစိုးရက ပြည်သူလူထုဆန္ဒ အသံကိုအမြဲနားစွင့်ပြီးလုပ်ဆောင်နေပါတယ်လို့ပြောနေတဲ့ ဦးသိန်းစိန် အစိုးရအပေါ်မှာ ကျနော်တို့ ဘယ်လိုယုံကြည်ရမလဲ။ ဒီဒေသက လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် က ဘာတခုမှ တာဝန်ယူလုပ် ဆောင်ပေးလိုစိတ်မရှိဘူး။ အခုလည်း ကျနော်တို့ ဆန္ဒပြကန့်ကွက်တာ အချည်းအနှီးပဲ ကျနော်တို့ ဆန္ဒကို ဖေါ်ထုတ်တော့လည်း အစိုးရက တာဝန်ယူဆောင်ရွက်ပေး တာမရှိတဲ့ အပြင် ရက်ပိုင်းအတွင် လာဆောက်နေတယ်။ တော်တော်ခံပြင်းတယ်။ သူတို့လုပ်ကိုင်နေတာ မကြည့် မိအောင် တော်တော်ထိန်းနေရတယ်။ ကြည့်မိရင် ဒေါသမထိန်း နိုင်မှာဆိုးလို့၊ ကျနော်တို့ ဒီဒေသက လွှတ်တော်ကိုယ်စားလှယ် (၄)ဦးကို ရာထူးက ပယ်ရှားဖို့ ဆက်လက်ဆန္ဒပြ တောင်ဆိုသွားမယ်။ သူတို့မှာ တာဝန်အရှိဆုံးလို့ ကျနော်ယူစတယ် ” ဟု ဧပြီလ ၂၂ ရက်နေ့ ဆန္ဒထုတ်ဖေါ်ပွဲ ဦးဆောင်သူ ကိုခင်မောင်လှိုင်မှ ပြောသည်။ 

ရွှေတောင်-မြောင်းတကာ ၂၃၀ KV နှစ်ထပ် မဟာဓာတ်အားလိုင်း လျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ် က စတင် အကောင်အထည်ဖေါ်ခဲ့တာဖြစ်ပြီး လျှပ်စစ်တာဝါတိုင်ပေါင်း (၆၀၀) တည်ဆောက်ရမှာဖြစ်ပြီး
ကြောင်း သိရသည်။ 








 ကောင်းမြတ်မင်း ~

Viewing all articles
Browse latest Browse all 5236

Trending Articles